တာချီလိတ်၌ပဋ္ဌာန်းဒေသနာရွတ်ဆိုပူဇော်ပြိုင်ပွဲဆုချီးမြှင့်
တာချီလိတ် အောက်တိုဘာ ၂၀
တာချီလိတ်ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးကျင်းပခဲ့သော
အဘိဓမ္မာအခါတော်နေ့ အထိမ်းအမှတ်အဖြစ်ပဋ္ဌာန်းဒေသနာရွတ်ဆိုပူဇော်ယှဉ်ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကိုအဘိဓမ္မာအခါ
တော်နေ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ၁၉ရက်ညနေ၄ နာရီက တာချီလိတ်မြို့ ရွှေတိဂုံ စေတီ
ဓမ္မာရုံတွင်ကျင်းပပြုလုပ်သည်။
အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆုများချီးမြှင့်ရာ ယှဉ်ပြိုင်ဆုများကိုမြို့မိမြို့ဖများက
လည်းကောင်း၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာက တတိယနှင့်ဒုတိယရရှိသောအသင်းများအားလည်းကောင်း၊ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်နွေးနွေးလင်း
ကပထမရရှိသော
အ-ထ-က(တာချီလိတ်)၀တ်အသင်းအားငွေကျပ်သုံးသိန်းကိုလည်းကောင်း ဆုများ အသီးသီးချီးမြှင့်ကြသည်။ထို့ပြင်သီးခြားဆုအဖြစ်ဝန်ထမ်းကုန်းကျောင်းတိုက်မှစာချဆရာတော်ဦးဣန္ဒဓမ္မက ငွေကျပ်နှစ်သိန်းငါးသောင်း၊အဆွေတော်အထူးကုဆေးခန်းမှ
ဦးတင်လှိုင်-ဒေါ်နန်းမိမိလေး မိသားစုက ပြိုင်ပွဲဝင်အသင်း ၁၅ သင်းအတွက် တစ်သင်းလျှင့်
ငွေကျပ် ခြောက်သောင်းစီဖြင့်လည်းကောင်း၊ မဇ္ဈိမလူမှုကူ ကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင့်ဆွေက
ပထမဆုရှိသောအသင်းအားငွေကျပ်သုံးသိန်းနှင့် အခြေခံပညာ ကျောင်းများမှအကောင်းဆုံးဆုရရှိသော
မဇ္ဈိမလူမှုကူညီရေးအသင်းကိုယ်စားပြု အ-ထ-က (တာချီလိတ်)မှ ကျောင်းသားဝတ်အသင်းတို့အား ငွေကျပ်တစ်သိန်းအသီးသီးချီးမြင့်သည်။ယင်းနောက်ပြိုင်ပွဲ ၀င်အသင်း
များက ပဋ္ဌာန်းဒေသနာများရွတ်ဖတ်ပူဇော်ကြကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment