အဆိုပါသင်တန်းသို့ သင်တန်းသား ဆရာဆရာမ(၉၀)ဦး တက်ရောက်သင်ကြား ကြောင်း ကလေးပျော်ကျောင်းများဖြစ်လာရေးအတွက် အဓိကထားသင်ကြားနေခြင်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် ရန်အောင်မြေမူလွန်ကျောင်းတွင်၂၁.၁၀.၂၀၁၃ ရက်နေ့ မှစ၍ ၂၀၁၃ ခုနှစ် ဆရာဆရာမများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အပိုင်း(၂) အား စတင်ဖွင့်လှစ်သင်ကြား လျှက်ရှိရာ (၂၇.၁၀.၁၃)ရက်နေ့အထိ သင်တန်းကာလ (၇)ရက်ပို့ချသွားမည်ဖြစ်ကြောင်းသိ ရှိရပါသည်။
အဆိုပါသင်တန်းသို့ သင်တန်းသား ဆရာဆရာမ(၉၀)ဦး တက်ရောက်သင်ကြား ကြောင်း ကလေးပျော်ကျောင်းများဖြစ်လာရေးအတွက် အဓိကထားသင်ကြားနေခြင်းဖြစ်ကြောင်း သင်ပြနည်းသစ်များပါဝင်ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသို့ အမှတ်(၂)အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပညာရေးဌာနမှ ဦးစီးအရာရှိဦးတင့်ဆွေ ၊ တာချီလိတ် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှဦးဆောင်သော မြို့နယ်အဆင့် ပညာရေးဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်ကြီးကြပ် ကြောင်း ၊မြို့နယ်အတွင်းရှိ ၀ါရင့်ဆရာကြီးဆရာမကြီးများက ပိုချလျှက်ရှိကြောင်း သိရှိရပါသည်။
သတင်းပေးပို့သူ - မြတ်မျိုးမြင့်မာန်
1 comments:
နွေရာသီ (Re-freshers Course) သင်တန်းတွေတက်ခဲ့ရတာကို လွမ်းတသသနဲ. သတိယမိပါတယ် - တကယ့်ကိုပျော်စရာကောင်းသလို ပညာတွေလည်းအများကြီး ရ-ပါတယ်။
ဒီလို (နွေရာသီ) သင်တန်းတွေ နိုင်ငံတစ်ဝှမ်းလုံးမှာ ဖွင့်ပေးသင့်ပါတယ်--
Post a Comment