၁၈.၁၀.၂၀၁၃ ရက်နေ့ နံနက် ၉း၀၀ နာရီတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝှေလေလန်မူလွန်တွင်ကမ္ဘာ့ဆရာများနေ့နှင့် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်း၏ ဇာတိမာန်ခန်းမတွင်ကျင်းပပြုလုပ်ရာ
ကျောင်းအုပ်ဆရာကြီးဦးမြင့်ဝင်းလှနှင့် လက်ထောက်ဆရာဆရာမများ ကျောင်းသားကျောင်းသူ
များစုစုပေါင်း အင်အား ၃၀၀ကျော်တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကျောင်းအုပ်ဆရာ
ကြီး ကအဖွင့်အမှာစကားပြောကြားပြီး တာဝန်ခံကျောင်းအုပ် (အလယ်တန်းပြဆရာမ) ဒေါ်မိုးဝါ
က ကမ္ဘာ့ဆရာများနေ့ဆိုင်ရာ များကို ဟောပြောခဲ့ပါသည်။ အခမ်းအနားတွင် သတ္တမတန်း
ကျောင်းသူ မနှင်းယုထွေးက အခမ်းအနားမှူးအဖြစ်တာဝန်ယူခဲ့ကြောင်း အခမ်းအနားတွင်
မြတ်ဆရာဂုဏ်ပြုသီချင်းသီဆိုခြင်း စာသင်နှစ်တစ်ဝက်တာကာလ ကျောင်းသားကျောင်းသူ
များက အဆိုအက အလှသရုပ်ပြဖျော်ဖြေခဲ့ကြောင်း သိရှိရပါသည်။ တက်ရောက်လာသူ
ကျောင်းသားကျောင်းသူများအား အကန်တော့ခံ ကျောင်းအုပ်ကြီးနှင့်ဆရာမများက ပဲနို့ရည်
နှင့်ကိတ်မုန့် ကျွေးမွေးခဲ့ပါသည်။
အခမ်းအနား ကျင်းပရာတွင် ကျောင်း၏အစဉ်အလာအတိုင်း ကျောင်းအုပ်ကြီး၊လက်ထောက်
ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ လက်ရာများဖြင့် ပြုစု ပြသထားသည့် ဆရာများနေ့ဆိုင်ရာ နံရံကပ်စာစောင်ကိုလည်း
ပြသခဲ့ရာ ကျောင်းသားကျောင်းသူများ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။
မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment