Wednesday, 16 October 2013

ဒီလိုပါ ၊မိဘဖြစ်တဲ့သူတွေရဲ့ ဇောနဲ့ မေတ္တာအကြောင်း ကျွန်တော်ကွက်ကွက်ကွင်းကင်း
သိပါပြီ  လို့အဓိပ္ပါယ်ရတဲ့ ''ကျွန်တော်သေကြည့်တယ်၊ မရဘူး''  လို့ပြောဖြစ်ခဲ့ပါတယ်၊
ဒါရင်တွင်းစကားအစစ်ပါ၊
ဆိုပါစို့
အိမ်ကိုဓားပြတွေလာဝိုင်းတယ်  ဆိုပါစို့၊
သေခြာတာကတော့   ကျွန်တော်သေမှ ဓားပြတွေအိမ်ထဲဝင်လို့ရမှာပါ၊
ဒါသေခြာတဲ့အချက်၊
တရားသဘောအရ   သေရင်ဘယ်သူ့ကိုမှအဖော်ခေါ်လို့မရဘူး၊
ဒါလဲသေခြာတဲ့အချက်ပဲ၊
ကျွန်တော့်အရင်လဲ ကျွန်တော့်သားသေသွားနိုင်တာပဲ၊
နောက်တစ်ချက်က အသက်ငယ်သေးတဲ့  ကျွန်တော့်သားကို
လူတွေမနေတဲ့  ကျွန်းတစ်ကျွန်းပေါ် တစ်ယောက်ထဲ သွားတင်ကြည့်လိုက်၊
အစပိုင်းတော့   တော်တော်ဒုက္ခရောက်မှာပဲ၊
ဒါပေမဲ့   တဖြည်းဖြည်းနဲ့  သူ ကြိုးစားလိမ့်မယ်၊
သူအသက်မသေအောင်ကြံဖန် ကြိုးစားလိမ့်မယ်၊
လူဆိုတာ  အသက်ရှင်သန်ဖို့အရေး လုပ်တတ်ကိုင်တတ်တဲ့ ဥနှောက်ပိုင်ရှင်ကြီး
တွေပဲမဟုတ်ပါလား၊
နောက်ပြီး  မည်သူမဆိုအသက်ရှင်သည့်အခိုက်၊ သီလ+ စရဏ နဲ့နေသင့်ကြပါတယ်၊
သို့ပေမဲ့
မိဘများရဲ့   ကြီးမားလှတဲ့  မေတ္တာ အကြောင်း  ဘယ်လိုမှနှိုင်းတုရေးသားခြင်းငှာ
မစွမ်းတဲ့အတွက်၊
''ကျွန်တော်  သေကြည့်တယ်၊  မရဘူး၊
ကျွန်တော့်သားကို ဘယ်လိုမှ စိတ်မချဘူး ''  ဆိုတဲ့ ရင်တွင်းဖြစ်စကား
ပွင့်အံလာတာဖြစ်ကြောင်းပါခင်ဗျာ...။

(ထိန်မင်း)

0 comments:

Post a Comment