Tuesday, 15 October 2013

တာချီလိတ်မြို့တွင်ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်ယှဉ်ပြိုင်ပွဲကျင်းပ



တာချီလိတ်မြို့တွင်ပဋ္ဌာန်းဒေသနာတော်ရွတ်ဆိုပူဇော်ယှဉ်ပြိုင်ပွဲကျင်းပ
တာချီလိတ် အောက်တိုဘာ ၁၅

          တာချီလိတ်ခရိုင်နှင့်မြို့နယ်မျိုးသမီးရေးရာအဖွဲ့မှကြီးမှူးပြီး ပဋ္ဌာန်းဒေသနာတော် ရွတ်ဆိုပူဇော်မှု အကောင်းဆုံးရွေးချယ်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နံနက် ၈ နာရီက မြို့နယ်ဓမ္မာရုံ တွင်ကျင်းပ ပြုလုပ်သည်။ အခမ်းအနားအား နမောတဿ သုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီး ငွေတောင်ဦး ကမ္မဋ္ဌာန်း ကျောင်းမှ ဘဒ္ဒန္တဇနက(မဟာဓမ္မာစရိယ)    ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ယင်း နောက် ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာယူကြသည်။   ဆက်လက်ပြီး ရွှေစေတီကျောင်းတိုက်မှဘဒ္ဒန္တ ပညာစက္ကာလင်္ကာရ(ပထမကျော်၊ဓမ္မာစရိယ)       က သြ၀ါဒချီးမြှင့်ရာတွင် “ပဋ္ဌာန်း ဒေသနာ တော်ရွက်ဆို ပူဇော်ပြိုင်ပွဲသည် အခြားပြိုင်ပွဲများနှင့်မတူကြောင်း၊ အရှုံး/အနိုင်အဓိက မဟုတ်ဘဲ ပြိုင်ပွဲဝင်ခြင်းသည်ပင် အရှုံးမရှိ ကြောင်း၊ ပဋ္ဌာန်းရွတ်ဖတ်ရသည့်အကျိုးကြောင့် ပစ္စုပ္ပန် သာမက သံသရာအတွက်ပါအကျိုးများစွာရှိကြောင်း ပြိုင်ပွဲဝင်များသာမက ပြိုင်ပွဲကျင်းပပေးသူ၊ပါဝင်သူအားလုံးပါ အကျိုးရှိပါကြောင်း”     စသည်ဖြင့် မြွက်ကြားသည်။ယင်းနောက် ဖွင့်ပွဲကို ဗုဒ္ဒသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ရုပ်သိမ်းပြီး ၀တ်အသင်းများမှ ဆက်လက်ယှဉ်ပြိုင် ကြ သည်။ ပြိုင်ပွဲတွင် ၀တ်အသင်း ပေါင်း(၁၅)သင်းပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ အောက်တို ဘာ ၁၈ ရက်နေ့ထိ မြို့နယ် ဓမ္မာရုံတွင် နံနက် ၈ နာရီ မှစတင်ယှဉ်ပြိုင်မည်ဖြစ်သည်။ အောက်တိုဘာ ၁၉ ရက် အဘိဓမ္မာ အခါတော်နေ့ တွင် ရွှေတိဂုံ စေတီဓမ္မာရုံတွင် ဆုပေးပွဲကျင်းပမည်ဖြစ်ကြောင်းသိရှိရသည်။

                                                                                                မောင်ဆွေငြိမ်း





0 comments:

Post a Comment