Saturday, 12 October 2013

တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ(ဖလား)ဘော်လီဘောပြိုင်ပွဲဖွင့်






တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ(ဖလား)ဘော်လီဘောပြိုင်ပွဲဖွင့်
တာချီလိတ် အောက်တိုဘာ ၁၂
တာချီလိတ်မြိုတွင် လူငယ်လူရွယ်များကျန်းမာကြံ့ခိုင်ပြီး အားကစားအဆင့်အတန်းတိုး တက်မြင့်မား စေရန်နှင့် နိုင်ငံကိုယ်စားပြုဘော်လီဘောအားကစားသမားများပေါ်ထွန်းလာစေရန် တာချီလိတ်ခရိုင် စီမံခန့်ခွဲမှု ကော်မတီက ကြီးမှူးပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ (ဖလား) ရပ်ကွက်/ကျေးရွာ  အမျိုးသား/အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ရက်၊ နံနက် ၉နာရီကတာချီလိတ်မြို့ မိုးလုံလေလုံ အားကစားခန်းမ၌ ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက အဖွင့်အမှာစကား ပြောကြားသည်။ယင်းနောက်ပြိုင်ပွဲဝင်အားကစားသမားများက သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး ပြိုင်ပွဲစတင်ကျင်းပသည်။ အခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များတက်ရောက်အားပေးကြသည်။ ပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာများမှ အမျိုးသား(၁၁) သင်းနှင့်အမျိုးသမီး(၆)သင်းပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲအား အောက်တိုဘာ ၂၀ ရက်နေ့ထိ  မိုးလုံလေလုံ အားကစားခန်းမတွင်  နေ့စဉ် နံနက် ၉နာရီမှစတင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

                                                                             ခရိုင်ပြန်/ဆက်

0 comments:

Post a Comment