တာချီလိတ် စက်တင်ဘာ ၁၀
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
တာချီလိတ်ခရိုင်ရုံးမှ ပြည်သူကိုဗဟိုပြုသောပြည်သူအသိ ပညာပေးရေးလုပ်ငန်းဖြစ်သည့် Mini
Bookcorner များကို မြန်မာ့စီးပွားရေးဘဏ်၊ပြည်သူ့ဆေးရုံ၊ပြည်တွင်းအခွန် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်မှတ်ပုံတင်ရေးဦးစီးဌာန
ရုံးများနှင့် အိမ်တွင်းမှုသက်မွေးပညာကျောင်းတို့တွင်ထား ရှိပေးရာ စက်တင်ဘာ ၁၀ ရက် နေ့တွင်
တတိယအကြိမ်အဖြစ်အတွဲ(၁)အမှတ်(၃) စာအုပ်များထပ်မံ ဖြည့်ဆည်းပေးသည်။ ယခုထပ်မံဖြည့်ဆည်းသည့်စာအုပ်များသည်လည်း
ပညာရပ်(၁၂)မျိုးအတွက် တစ်မျိုး လျှင် စာအုပ် ၅ အုပ်စီဖြင့် စာအုပ်ပေါင်း ၆၀ အုပ်ထပ်မံဖြည့်ဆည်းခဲ့ခြင်းဖြစ်သည်။
ယင်းသို့စာအုပ်များဖြည့်ဆည်းရာတွင် အိမ်တွင်းမှုကျောင်းမှ
ကျောင်းသူများအနေဖြင့် အသစ်ရောက်ရှိ သည့်နှင့်
Mini Bookcorner အားအလုအယက် ဖတ်ရှုသည်ကိုတွေ့မြင်ရသည်။ Mini Bookcorner စာအုပ်များ
ထားရှိပေးခြင်းနှင့်ပတ်သက်ပြီး
ကျောင်းသူတစ်ဦးက “ ကျမ တို့သည် ကျေးရွာများမှ လာရောက်သောသင်တန်း သူများဖြစ်ကြောင်း၊
အားလပ်တဲ့အချိန်များမှာ အခုလို Mini Bookcorner များရှိစာအုပ်များဖတ်ရှုရသည့်အတွက် ကျမတို့မသိသေးသောအကြောင်းအရာများ
သိရှိရပါကြောင်း၊ အခုလို အားလပ်တဲ့အချိန်လေးမှာ
စာအုပ်များ ဖတ်နေရလို့ အားလပ်တဲ့အချိန်လေးဟာ တန်ဖိုးမဖြတ်နိုင်ပါကြောင်း” စသည်ဖြင့်ပြောကြားသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment