လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အခမ်းအနား
တာချီလိတ်တွင်ကျင်းပ
တာချီလိတ် စက်တင်ဘာ ၁၃
လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေ(၂၀၀၅)ခုနှစ်၊ပြဋ္ဌာန်းခဲ့သည့်
စက်တင်ဘာ ၁၃ ရက်နေ့အား မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက် ရေးနေ့အဖြစ် သတ်မှတ်ခဲ့ရာ
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်၊နံနက် ၉ နာရီက
တာချီလိတ်မြို အောင်မြတ်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ခရိုင်လူကုန်ကူးမှု
တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနေမျိုးထွဋ် က လက်ရှိဆောင်ရွက်လျက်ရှိသော လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများ ကိုရှင်းလင်းပြောကြားသည်။
ယင်း နောက် မြို့နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၊ မြို့နယ် အုပ်ချုပ်ရေးမှူး
ဦးရဲထူးက အခမ်းအနားကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး
လူကုန်ကူးမှုတားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ဝေါဗီရှင် မှ ပါဝင်ဆောင်ရွက်မှုအခန်း
ကဏ္ဍများကို ဝေါဗီရှင်(မြန်မာ) တာချီလိတ် ဇုန်နယ်မန်နေဂျာ ဦးစရီးနိုက ရှင်းလင်းတင်ပြသည်။
ယင်းနောက် တက်ရောက်လာသူများသည် တာချီလိတ်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ဆောင်ရွက်ချက်
မှတ်တမ်း များအား ကြည့်ရှုကြကြောင်းသိရှိရသည်။
ခရိုင်ပြန်ဆက်
0 comments:
Post a Comment