Wednesday, 28 August 2013

မြန်မာ-ထိုင်း နယ်စပ်စခန်းများမှ Passport, Visa ဖြင့်ဝင်/ထွက်ခွင့်ပြုခြင်းဖွင့်ပွဲတာချီလိတ်၌ကျင်းပ




မြန်မာ-ထိုင်း နယ်စပ်စခန်းများမှ Passport, Visa ဖြင့်ဝင်/ထွက်ခွင့်ပြုခြင်းဖွင့်ပွဲတာချီလိတ်၌ကျင်းပ
တာချိလိတ် သြဂုတ် ၂၈

          မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်စခန်းများမှ Passport, Visa ဖြင့်ဝင်/ထွက်ခွင့်ပြုခြင်း ဖွင့်ပွဲ  အခမ်းအနား ကို သြဂုတ် ၂၈ ရက်၊နံနက် ၈ နာရီက တာချီလိတ်မြို့ အမှတ်(၁)ချစ်ကြည်ရေး တံတားတွင်ပြုလုပ်သည်။ အခမ်းအ နားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊စီးပွားရေးလုပ်ငန်းရှင်များ၊ရပ်မိရပ်ဖများနှင့် ဟိုတယ် လုပ်ငန်းရှင်များ၊ထိုင်းနိုင်ငံမယ်ဆိုင်မြို့မှ နှစ်နိုင်ငံမြို့နယ်အဆင့် နယ်ခြားကော်မတီဝင်များ၊ ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်ကြသည်။ အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူက  မြန်မာ-ထိုင်းနှစ်နိုင်ငံ တာချီလိတ်မြို့အမှတ်(၁) ချစ်ကြည် ရေးတံတားမှ နှစ်ဖက်နိုင်ငံ သားများနှင့် နိုင်ငံခြားသားများ ၀င်/ထွက်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ ဆောင် ရွက်မည့်လုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။ယင်းနောက် ပြည်နယ်ဝန်ကြီး ဗိုလ်မှူကြီးအောင်သူ၊ရှမ်း ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီး ဌာန တွဲဖက်ပြည်နယ်ဦးစီးဌာနမှူး ဦးစိုင်းဘုန်းတင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများအားကြည့်ရှုကြသည်။
          အဆိုပါအမှတ်(၁)ချစ်ကြည့်ရေးတံတားသည် ၁၉၅၈ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ၁၉၆၁ခုနှစ် တွင်ဖွင့်လှစ်ခဲ့သည်။ယခင်ကနှစ်နိုင်ငံဖြတ်သန်းသွားလာခွင့်ကို နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် Border pass
နှင့် ယာယီဖြတ်သန်းခွင့်လက်မှတ် Temporary Border pass တို့ဖြင့်သာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ခြင်းဖြစ် သည်။ယခု Passport, Visa ဖြင့်ဝင်/ထွက်ခွင့်ပြုလိုက်သည့်အတွက်  မြန်မာနိုင်ငံအတွင်းခွင့်ပြုဒေသအားလုံး ကိုသွားလာခွင့်ရရှိပြီး အခြားထွက်ပေါက်များမှပြန်လည်ထွက်ခွာနိုင်မည်ဖြစ်သည်။ အလားတူ မြ၀တီ-မဲဆောက်၊ကော့သောင်း-ရနောင်း နှင့် ထီးခီး-နာဖူရွန် တို့မှာလည်း ယနေ့ တစ်ပြိင်တည်းဖွင့်လှစ်ကြောင်းသိ ရှိရသည်။

                                                                             ခရိုင်ပြန်/ဆက်

0 comments:

Post a Comment