Monday, 8 July 2013

တာချီလိတ်မြို ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေများပေးအပ်

















တာချီလိတ်မြို ဒေသဖွံ့ဖြိုးရေးအတွက် အလှူငွေများပေးအပ်
တာချီလိတ် ဇူလိုင် ၈

          တာချီလိတ်မြို့ ဒေသဖွံ့ဖြိုးရေးတွင် အခြေခံကျသည့် ပညာရေး၊ကျန်းမာရေး ကဏ္ဍဖွံ့ဖြိုးရေးအတွက် အလှူငွေများပေးအပ်ပွဲကို ဇူလိုင် ၈ ရက် နေ့က ပြုလုပ်ရာ ရှေးဦးစွာ ရွေတောင်တန်းပရဟိတ ဘုန်းတော်ကြီး ကျောင်းတွင်ပြုလုပ်သည်။ ရွှေတောင်တန်းပရဟိတကျောင်းထိုင်ဆရာတော်သည် ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့ ကပျံလွန်တော်မူခဲ့သည်။ ဆရာတော်ပျံလွန်တော်မူပြီးနောက် ကျောင်းသား ၁၈၆ ဦးကျန်ရှိခဲ့သည်။ ယင်းကျောင်း သားလေးများ ရှေ့ရေးအတွက် ပညာများဆက်လက်သင်ကြားနိုင်ရန် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏စီစဉ်မှုဖြင့်ငွေပ ဒေသာပင်စိုက်ထူနိုင်ရန်အလှူငွေများပေးအပ်လှူဒါန်းခြင်းဖြစ်သည်။ အလှူငွေများပေးအပ်ရာတွင် ခရိုင်အုပ်ချုပ် ရေးမှူး ဦးသောင်းတင်ထွေး-ဒေါ်နွေးနွေးလင်းမိသားစုကငွေကျပ် ၃ သိန်း၊ဦးလောတာ-ဒေါ်ဘူးတီမိသားစုက ငွေကျပ် ၅၀ သိန်း၊ ဒေါ်မမ မိသားစုက ငွေကျပ် ၃၂ သိန်း၊ ဦးစိုင်းထွန်းစိန်-ဒေါ်နန်းမိငယ် က ငွေကျပ်၂၀ သိန်း၊ဦးစိုင်းကျောက် (lasvegas Hotel) ကငွေကျပ် ၁၆ သိန်း၊ဒေါ်ဘူးဆီမိသားစုကငွေကျပ် ၁၅ သိန်း၊ တာချီလိတ် သတင်းတပ်ဖွဲ့မှ ငွေကျပ် ၁၀ သိန်း၊ ဦးတင့်ဆွေ(မဉ္ဖျိမ လူမှု ကူညီရေးအသင်း)ကငွေကျပ် ၁၀ သိန်း၊ဒေါ်နီနီစိုး (ရွှေသရဖူ မီနီမတ်)က ငွေကျပ် ၁၀ သိန်း၊ဦးနီဖီး-ဒေါ်အေးမိ မိသားစုကငွေကျပ် ၁၀ သိန်း ဦးအားကျားလို-ဒေါ်ချစ်ဖယ်မိသားစုက ငွေကျပ် ၁၀ သိန်း၊ ဦးလှမျိုး-ဒေါ်ဖြူဖြူကြည် မိသားစုက ငွေကျပ် ၅ သိန်း၊စပါယ်လှိုင်မုန့် တိုက်က ငွေကျပ် ၅ သိန်း၊ ရဲအုပ်စံသိန်း-ဒေါ်သဲမြ၀င်းမိသားစုက ငွေကျပ် ၅ သိန်း ၊  ဦးမြတ်သူပိုင်-ဒေါ်နန်းနုနုမိသားစုက ငွေကျပ် ၅ သိန်း၊ ဦးဆားထူ-ဒေါ်တင်မေအေးမိသားစုက ငွေကျပ် ၁သိန်းခွဲ၊ ဦးထွန်းဝင်း-ဒေါ်သဉ္ဖာထွန်း(၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး)မိသားစုက ငွေကျပ် ၁ သိန်း၊ စုစုပေါင်းငွေကျပ် ၂၀၈ သိန်း၅သောင်းပေးအပ်လှူဒါန်း ရာ တာဝန်ရှိသူများကလက်ခံရယူသည်။ ယင်းနောက် နာယကဆရာတော်  ဦးစန္ဒာသီရိ က ကျေးဇူးတင်ဝမ်း မြောက်ကြောင်းမြွက်ကြားတော်မူသည်။ ဆက်လက်ပြီး ဦးစိုင်းကျောက် (lasvegas Hotel)မှ ဘိုးဘွားရိပ်သာ အတွက် အလှူငွေ ၁၆ သိန်း၊ ကျန်းမာရေးဆေးပဒေသာပင်အတွက် ၁၆ သိန်း၊ စာသင်ကျောင်းများ စာရေးခုံအ တွက် ၄၈ သိန်း သွားရောက်လှူဒါန်း ကြောင်းသိရှိရသည်။

                                                                             ခရိုင်ပြန်/ဆက်

0 comments:

Post a Comment