Monday, 1 July 2013

မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြု ၀တ်စားဆင်ယင်ထုံးဖွဲ့မှု တာချီလိတ်မြို့၌ ယှဉ်ပြိုင်











မြန်မာအမျိုးသမီးများနေ့ဂုဏ်ပြု ၀တ်စားဆင်ယင်ထုံးဖွဲ့မှု တာချီလိတ်မြို့၌ ယှဉ်ပြိုင်
တာချီလိတ် ဇူလိုင် ၁

          ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့်မြန်မာအမျိုးသမီးများနေ့ကိုဂုဏ်ပြုသောအားဖြင့် တာချီလိတ်ခရိုင်/ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူးပြီး  မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်ထုံးဖွဲ့မှု ပြပွဲ/ပြိုင်ပွဲကို ဇွန် ၃၀ ရက် ည ၇ နာရီ က အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
          အခမ်းအနားမစတင်မီ ကျောင်းသားကျောင်းသူလေးများ၏အကများ၊တိုင်းရင်းသားရိုးရာ အကများဖြင့် ဖျော်ဖြေတင်ဆက်သည်။ ယင်းနောက် အကဲဖြတ်အမှတ်ပေးဒိုင်ချုပ်က အမှတ်ပေးစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။ ပြိုင်ပွဲတွင် အမျိုးသမီးငယ် ၂၅ ဦး ပါဝင်ယှဉ်ပြိုင်ရာ ပထမအဆင့်တွင် အုပ်စု ၃ အုပ်စုခွဲကာ ၂၅ဦးထဲမှ ၁၅ ဦးရွေးချယ်ပြီး ဒုတိယအဆင့်ဆက်လက်ယှဉ်ပြိုင်သည်။ ယင်း ၁၅ ဦးမှ နောက်ဆုံးဆန်ကာတင် ၅ဦးရွေးချယ်ပြီး စိတ်ကြိုက်ကိုယ်ဟန်ပြ ၄ မျိုးဖြင့် ဆက်လက်ယှဉ်ပြိုင်သည်။ နောက်ဆုံးအဆင့် ယှဉ်ပြိုင်အပြီး တွင် ပထမဆုကို ၀မ်ကောင်းရပ်ကွက်ကိုယ်စားပြု  မဧရာဝတီထွန်းကလည်းကောင်း၊ ဒုတိယဆုကို ဖန်မင်ကျေးရွာအုပ်စု ကိုယ်စားပြု မနန်းမွေနွံ ကလည်းကောင်း၊ တတိယဆုကို ဟောင်လိပ်ကျေးရွာအုပ်စုကိုယ် စားပြု မသဲသဲ ကလည်းကောင်း ရရှိသွားသည်။
          ယင်းနောက် ဆုများချီးမြင့်ရာ ဒုတိယဆုနှင့်တတိယဆုကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွေမိုးသူဇာက ချီးမြှင့်ပြီး၊ ပထမဆုရရှိသွားသော မဧရာဝတီထွန်းအား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွေးနွေးလင်းက သရဖူနှင့်စလွယ်များ ဆင်မြန်းပြီး ပထမဆုဖလားကိုထိုက်တန်စွာချီးမြှင့်ခဲ့သည်။ ဆုများချီး မြှင့်ရာတွင် ပထမဆုငွေကျပ် သုံးသိန်း၊ဒုတိယဆု ငွေကျပ် ၂ သိန်း၊တတိယဆု ငွေကျပ်တစ်သိန်းအပြင် နှစ်သိမ့် ဆုနှစ်ဦးနှင့် ကျန်ပြိုင်ပွဲဝင်များကိုလည်းယှဉ်ပြိုင်ဆုများချီးမြှင့်သည်။ ထို့အပြင်ပြိုင်ပွဲအားလုံးအားအဆွေတော်မိသားစုမှ ငွေကျပ် ၁၁သိန်းတန်ဖိုးရှိ အလှကုန်ပစ္စည်း များ၊ ရွှေပိုးထည်တိုက် မှ ငွေုကျပ် နှစ်သိန်းတန်ဖိုးရှိ ပိုးထည်များ ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။

                                                                                                ခရိုင်ပြန်/ဆက်

0 comments:

Post a Comment