Tuesday, 9 July 2013

တာချီလိတ်မြို့အရေးကြီးလမ်းဆုံ ၅ နေရာတွင်မီးပွိုင့်များစတင်အသုံးပြုပြီ








တာချီလိတ်မြို့အရေးကြီးလမ်းဆုံ ၅ နေရာတွင်မီးပွိုင့်များစတင်အသုံးပြုပြီ
တာချီလိတ် ဇူလိုင် ၉

          တာချီလိတ်မြို့ရှိတိုင်းရင်းသားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် အရေးကြီးလမ်းဆုံများ ဖြစ်သည့် အားကစားရုံလမ်းဆုံ၊အမှတ် (၂)ချစ်ကြည်ရေးတံတားလမ်းဆုံ၊ပါလျှံဆီပန့်လမ်းဆုံ၊အခါဈေးလမ်းဆုံနှင့် ကျိုင်းတုံအထွက်လမ်းဆုံတို့တွင် မီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းများကို ပြီးခဲ့သည့် မေ လကတည်းကစတင်ဆောင် ရွက်ခဲ့သည်။ ယခု အဆိုပါမီးပွိုင့်တပ်ဆင်ခြင်းလုပ်ငန်းများပြီးစီးပြီဖြစ်သဖြင့် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၈ ရက် နံနက် ၈ နာရီက အားကစားရုံလမ်းဆုံမှ စတင်ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။ ဖွင့်ပွဲမစတင်မီ တာချီလိတ်မြို ယာဉ်ထိန်းရဲတပ်ဖွဲ့တာဝန်ခံ ရဲအုပ်စံသိန်း က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်ချက်များကိုရှင်းလင်းတင်ပြပြီး၊ ရိုးမမြန်မာကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဦးမြင့်အောင်က ဒေသနှင့်ကိုက်ညီသည့် မီးအချက်ပြ စနစ်များကိုရှင်းလင်းတင်ပြသည်။ ယင်းနောက်ကျန်ရှိသည့်မီးပွိုင့်များကိုလည်း ဆက်လက်ဖွင့်လှစ်ကြောင်းသိရှိရသည်။
          မီးပွိုင့်တပ်ဆင်ခြင်းနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးမှ ပြောကြားရာတွင်“ဒေသခံတိုင်းရင်းသားများအနေ ဖြင့် မီးပွိုင့်သဘောတရားကိုနားမလည်သေးကြောင်းတာဝန်ရှိ ယာဉ်ထိန်းရဲများမှ မီးပွိုင့်နေရာများတွင် တစ်ပတ် လောက်စောင့်ကြည့်ပြီး ပြည်သူများအား ပညာပေးဖို့လိုကြောင်း” ပြောကြားပါသည်။

0 comments:

Post a Comment