Tuesday, 9 July 2013

တော်တော်တော့လက်ဝင်ပါတယ်
မဟုတ်တရုတ်အရေးတွေကို ဘယ်ကျော်ဖြတ်ရပါသလဲ ဆိုတော့...၊
red indian နည်းကိုပဲသုံးဖြစ်သွားပါတယ်၊
ဒီငတိတွေက မိုက်မိုက်ကန်းကန်းရယ်၊
စိတ်မထင်ရင် ဒိုင်းညောင့် ကအရင်လာပါတယ်၊
သို့ပေမဲ့
သူတို့ရဲ့ သံမဏိစည်းမျဉ်း က'' သူရဲဘောမကြောင်ဘူး၊ မညာဘူး''
ဒါပဲ ၊ဒါအဓိကပဲ၊ အဲဒါ သူတို့ရဲ့ သံမဏိစည်းမျဉ်းပဲ၊
သေခြာတာက အသေသာခံသွားမယ်၊ ဘယ်တော့မှ နောက်ကျောကနေ သေနတ်နဲ့
လှမ်းမပစ်ဘူး၊ ဘာကြောင့်ပဲဖြစ်ဖြစ်မလိမ်ဘူး၊
ဒါကိုပဲပြောချင်တာပါ၊
ကျွန်တော် နဲ့သူငယ်ချင်းတစ်တွေ ဒီလိုပဲနေဖြစ်တာကြာပါပြီ၊
ကိုယ့်စိတ်နဲ့တွေ့တာပဲ လုပ်ဖြစ်ပါတယ်၊
စိတ်ညီတဲ့သူငယ်ချင်းတွေနဲ့သာ ပေါင်းသင်းဖြစ်ပါတော့တယ်၊
ရလဒ်ကတော့
ညအခါမှာခွေးဟောင်လဲ ထကြည့်စရာမလိုဘူးပေါ့ဗျာ...။

ကိုထိန်(တာချီလိတ်)

0 comments:

Post a Comment