Tuesday, 9 July 2013

မင်းတုန်းမင်းကြီးလထက်ထက်က ဖြစ်ပျက်ခဲ့တာလေးသတိရမိတယ်
ကနောင်မင်းသားကြီးကရှေ့ရေးကိုကြိုမြင်ပြီးရေမြုပ်ဗုံးတွေတီထွင်တယ်၊
တစ်နေ့တစ်နေ့ အုံးကနဲ၊ဒိုင်းကနဲနဲ့ စမ်းသပ်နေတာ၊
ဖြစ်ချင်တော့မင်းတုန်းမင်းကြီး ကသာသနာပိုင်ဆရာတော်ကို
ဆွမ်းကပ်နေတဲ့အချိန်နဲ့ သွားကြုံတော့ ဘုန်းဘုန်း တော်တော်စိတ်မကောင်းဖြစ်သွားတယ်
ရေနေ ကောင်လေးတွေ သေကြကြပါပေါ့ ဆိုပြီး ဆွမ်းတောင်ဆက်မဘုန်းပေးနိုင်တော့ဘူး၊
လက်ဆေးပြီး ထပြန်လာခဲ့တယ်၊
အဲဒီအခါ မင်းတုန်းမင်းကြီးပျာသွားတယ်၊
ဘာဖြစ်လို့လဲ ဆိုပြီး လိုက်မေးလျှောက်ရတာပေါ့
ဘုန်းဘုန်းကလဲ အမှန်အတိုင်းပါပဲ ။အခုလိုရေမြုပ်ဗုံးတွေကြောင့်
ရေနေကောင်တွေသေကြေကြတော့မှာမြင်ယောင်ပြီး ဆွမ်းမစားနိုင်တော့ပါဘူးပေါ့
ဒီတော့လဲ မင်းတုန်းမင်းအမိန့် ....၊ကနောင်ရေ ရပ်တော့ ဆက်မလုပ်နဲ့တော့ပေါ့
အဲဒိနောက်တော့ ကျွန်သဘောက်ဘ၀တဖြည်းဖြည်းရောက်ခဲ့ရတာပေါ့
ရေတပ်အင်အားကြီးတဲ့ ဗြိတိသျှကိုမယှဉ်နိုင်လို့ စစ်ရှုံးခဲ့ရတာပေါ့၊
ပြောချင်တာက
သံဃာ ဘက်ကသံဃာအလုပ်လုပ်တာပဲ၊ သေကြေတာမမြင်ချင်ဘူး၊ဒါတကယ့်
ပင်ရင်းစိတ်ဓာတ်၊ ကျွန်သဘောက်ဘ၀ရောက်အောင် တွန်းပို့တာမဟုတ်ဘူး၊
မင်းတုန်းမင်းကလဲ သာသနာ့ဒါယကာဆိုတော့လဲ သတ်ကြ ဆိုတာတွေဘက်ကို
သိပ်စိတ်မသန်ဘူး၊ ဘုန်းဘုန်းမိန့်လာတော့လဲ စစ်လက်နက်တီထွင်တာတွေရပ်ပေါ့၊
အကျိုးဆက်က ......... မိဘများသိတဲ့အတိုင်း အင်္ဂလိပ်ကို ဓားနဲ့တက်ပိုင်းရုံလောက်သာ
လုပ်နိုင်မှတော့ ကွဲပြီပေါ့၊
အဲဒီအဖြစ်အပျက်ကနေ စဉ်းမိတာက တခြားအဖြေမရှိတော့ဘူးလား
နိုင်ငံ့ကာကွယ်ရေးကသတ်သတ်၊ ဘာသာရေးကသတ်သတ်၊ ကြားအဖြေမရှိတော့
ဘူးလား၊ သည့်နောက် အမျိုးပျောက်မပျောက်တော့မသိဘူး၊ ဖွတ်ဖွတ်ညက်ညက်ကြေတာ
နှစ်တစ်ရာလောက်ပါပဲ၊ ဂျပန်ကြီးကလဲ ဖွင့်လိုက်တဲ့ဆောင်ကြာမြိုင်တွေ......၊
များပါတယ်၊ နိုင်ငံ တော်တော်နာခဲ့ပါတယ်၊
သည်တော့
ဘာသာရေးရယ်၊ နိုင်ငံရေးမှာ သင့်တော်တဲ့ ကြားအဖြေတစ်ခု အပင်ပန်းခံပြီး
ရှာကြရင်မကောင်းဘူးလား၊

(မင်းအေးငြိမ်းဈေ)

0 comments:

Post a Comment