Monday, 20 May 2013

တာချီလိတ်၌ တန်ဖိုးနည်း CDMA-800MHz ဖုန်းကတ်များ ဒုတိယအကြိမ် မဲနှိုက် ရောင်းချ








တာချီလိတ် မေ ၂၀
တန်ဖိုးနည်း CDMA-800MHz ဖုန်းကတ်များကို ဒုတိယအကြိမ်အဖြစ် မဲနှိုက်ကာ ရောင်းချပေးခြင်း အစီအစဉ်အား မေ(၂၀)ရက် နံနက်(၉)နာရီက တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် ပြုလုပ်သည်။ အစီအစဉ်မစတင်မီ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ဖုန်းကတ်များ သုံးစွဲမှုနှင့်ပတ်သက်ပြီး ရှင်းလင်း တင်ပြသည်။ ပထမအကြိမ်မဲနှိုက်စဉ်က လျှောက်လွှာ (၉၄၀)စောင်ရှိခဲ့ပြီး ယခု့ ဒုတိယအကြိမ်တွင် လာရောက်လျှောက်ထားသူများမှာ(၁၁၉၆)စောင် ရှိပြီး  ပထမအကြိမ်က မဲမပေါက်ဘဲ ကျန်ရှိနေသည့် လျှောက်လွှာ(၂၉၃)စောင်အား ထည့်သွင်း၍ မဲနှိုက်ရာ လျှောက်လွှာစုစုပေါင်း(၁၄၈၉)စောင် ရှိပြီး ဖုန်းကတ်(၆၅၀)ကို ယခုလို မဲနှိုက်ရောင်းချပေးခြင်းဖြစ်ကြောင်းသိရသည်။
ဖုန်းကတ်နှင့်ပတ်သက်၍ ပထမအကြိမ်မဲပေါက်စဉ်က ဖုန်းကတ်တော်တော်များများ သည် မြို့ထဲတွင် လိုင်းမမိဘဲ တိုင်နှင့်နီးသည့် မြို့အထွက်နေရာတွင်သာ လိုင်းမိသည်ကို တွေ့ရသည်။ သို့သော် အချို့ဖုန်းကတ်များမြို့တွင်းလိုင်းမိသည်ကိုလည်းတွေ့ရပြန်သည်။မြို့တွင်းသို့ တိုင်များတိုးချဲ့ တပ်ဆင် မည်ဆိုပါကဖုန်းကတ်အားလုံးမြို့တွင်းအသုံးပြုနိုင်မည်ဖြစ်သည်။ ဒုတိယအကြိမ်ဖုန်းကတ်မဲပေါက်သူ တစ်ဦးမှ ပြောကြားရာတွင်
“မဲပေါက်တယ်ဆိုတော့ ပျော်တာပေါ့၊ လိုင်းကတော့ တစ်နေ့တော့ မိမှာပါပဲ နောင်တစ်ချိန် မဲမနှိုက်ရ ဘဲ လွတ်လပ်စွာ ၀ယ်ယူရနိုင်ပေမဲ့ မဲပေါက်လို့ရတဲ့ ခံစားချက်က တန်ဖိုး ၁၅၀၀ ကျပ်ဆိုသော်လည်း ကျွန်တော့်အနေနဲ့ တန်ဖိုးမဖြတ်နိုင်ပါဘူး” ဟုပြောကြားသည်။

0 comments:

Post a Comment