တာချီလိတ် မေ ၁၇
၁၅၀၀ကျပ်တန်တန်ဖိုးနည်းCDMA-800MHzဖုန်းကတ်များကိုဒုတိယအကြိမ်အဖြစ် တာချီလိတ်မြို့၌ မလ(၂၀)ရက်နေ့တွင်ပထမအကြိမ်နည်းတူ
မဲနှိုက်ကာ ရောင်းချပေးနိုင်ရန်အတွက် လျှောက်လွှာများအား မေ(၁၇)ရက်နေ့မှမေ(၁၉)ရက်နေ့အထိ လက်ခံနေပြီဖြစ်ကြောင်းသိရသည်။မေ(၂၀)ရက်နေ့တွင် အောင်မြတ်
ခန်းမမှာမဲနှိုက်မှာဖြစ်ရာမဲနှိုက်ရာမှာလည်းပထမအကြိမ်နည်းတူ ဖုန်းကတ်လျှောက်ထားသူများထဲမှပင်
ပေါက်မဲများကို နှိုက်ခိုင်းမှာဖြစ်ကြောင်း နှင့်ဖုန်းကတ်များကို စတင်ရောင်းချမည့်နေ့မှာ
မေ(၂၁)ရက်နေ့မှ မေ(၃၁)ရက်နေ့ထိရောင်းချပေးမည်ဖြစ်သည်။ဖုန်းကတ် လျှောက်ထားလိုသူများအနေဖြင့် လျှောက်လွှာ(၂)
စောင်နှင့်အတူ
အိမ်ထောင်စုစာရင်းမိတ္တူနှင့် မှတ်ပုံတင်မိတ္တူ(၁)စုံ လိုအပ်မှာဖြစ်ပြီး လျှောက်လွှာများကို
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ရုံးချိန်အတွင်းလာရောက်လျှောက်ထားနိုင်မှာဖြစ်ကြောင်း
နှင့်
ဖုန်းကဒ်မဲပေါက်သူများ၏ အမည် စာရင်းများကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် ဆက်သွယ်ရေးရုံးတို့တွင် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ဖုန်းကဒ်မဲပေါက်သူများ၏ အမည် စာရင်းများကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် ဆက်သွယ်ရေးရုံးတို့တွင် ကြော်ငြာပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment