Wednesday, 22 May 2013

တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်တွင် ဒေသဂုံရှမ်းဘာသာ ပိဋကတ်သုံးပုံ ကျောက်စာတိုင်များစိုက်ထူ







တာချီလိတ်မြို့ ရွှေတိဂုံစေတီရင်ပြင်တွင် ဒေသဂုံရှမ်းဘာသာ ပိဋကတ်သုံးပုံ ကျောက်စာတိုင်များစိုက်ထူ
တာချီလိတ် မေ ၂၂

          ရှေးခေတ်ကလူသားများသည်အကြောင်းအရာတစ်ခုကိုမပျောက်ပျက်အောင်မှတ်သားထားလိုလျှင်ကျောက်တိုင်
 ကျောက်တုံးများတွင် ရေးထိုး၍ ထားတတ်ကြသည်။ထိုသို့ရေးမှတ်ခြင်းမျိုးကိုကမ္ပည်းကျောက်စာရေးထိုးသည် ဟူ၍လည်းကောင်း၊ ကျောက်ထက်အက္ခရာတင်သည်ဟူ၍လည်းကောင်းခေါ်ကြသည်။ မြန်မာနိုင်ငံတွင်မင်းတုံး မင်းတရားကြိးလက်ထက်တွင် ပိဋကတ်တော်များအား အဓွန့်ရှည်စွာ တည်တံ့စေအံ့သောငှာ ၀ိနည်းပိဋကတ်တော် ကိုကျောက်ချပ်ရေ ၁၁၁ချပ်၊အဘိဓမ္မာပိဋကတ်တော်ကို ၂၀၈ချပ်၊ သုတ္တန်ပိဋကတ်တော်ကို ၄၁၀ချပ်၊စုစုပေါင်း ကျောက်ချပ်ရေ ၇၂၉ ချပ်ကို ပဉ္စမ သံဂါယနာတင်ပြီးနောက် မန္တလေးမြို့ ကုသိုလ်တော်စေတီ မဟာရံအတွင်း လိုဏ် ဂူပြဿဒ်များဖြင့် တည်ထားကိုးကွယ်ခဲ့သည်။
          တာချီလိတ်မြိုတွင်လည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး မှ ပိဋကတ်သုံးပုံအားဒေသဂုံရှမ်းဘာ သာဖြင့် ကျောက်စာအချပ်ပေါင်း ၂၅၀၀ပေါ်တွင် ရေးထိုးပြီး ရွှေတိဂုံရင်ပြင် အနောက်ဘက်၌် မေ ၂၂ ရက် နံနက် ၉ နာရီကစိုက်ထူလှူဒါန်းပွဲအခမ်းအနားပြုလုပ်သည်။အခမ်းအနားသို့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအမှူးပြု သောဆရာတော်သံဃာတော်များကြွရောက်တော်မူကြပြီး ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ဌာနဆိုင်ရာများ ဒေသခံတိုင်းရင်းသားများတက်ရောက်ကြသည်။ အခမ်းအနားတွင် မဟာမြတ်မုနိကျောင်းတိုက်မှ တိုက်အုပ်ဆရာ တော် အဒိစ္စ၀ံသထံမှ ငါးပါးသီလခံယူဆောက်တည်တော်မူကြပြီး ဆရာတော်သံဃာတ်ေများက ပရိတ် တရားတော်များချီးမြှင့်သည်။ ယင်းနောက် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေသည်။ ဆက်လက်ပြီး ကျောက်စာတိုင်စိုက်ထူပွဲကျင်းပရာ နဂါးနှစ်ကောင်ဆရာတော် ဘုရရားကြီးနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ကျောက်စာတိုင်များစိုက်ထူကြသည်။ ယင်းနောက် ကျောက်စာတိုင်များအား ရွှေသင်္ကန်းများကပ်လှူခြင်း၊အမွှေးနံသာရည်များ ပက်ဖြန်းပြီး ဆရာတော်သံဃာတော်များက “ဇယန္တော ဗောဓိယာမူ လေ” အစချီသော ဂါထာတော် သုံး ကြိမ် ရွတ်ဆိုပူဇော်ကြသည်။ကျောက်စာအချပ်ပေါင်း ၂၅၀၀ အနက် ကျောက်စာ အချပ် ၂၀၀၀ ရောက်ရှိပြီဖြစ်ပြီး ကျောက်စာတစ်ချပ်လျှင် ငွေကျပ်(၆)သိန်းဖြင့် လှူဒါန်းနိုင်ကြောင်းသိရှိ ရသည်။

                                                                                                ခရိုင်ပြန်/ဆက်

0 comments:

Post a Comment