Saturday, 25 May 2013

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် ပညာရေးဆိုင်ရာ အစည်းအဝေးကျင်းပ




တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်  ပညာရေးဆိုင်ရာ ညှိနှိုင်း
အစည်းအဝေး ကို(၂၅.၅.၁၃)ရက်နေ့နံနက်(၉း၀၀)နာရီတွင် ဝှေလေလန်(မူလွန်)ကျောင်းအုပ်ဆရာကြီး၏  ရုံးခန်းတွင်ကျင်းပပြုလုပ်ရာမိုင်းဖုန်း(ခ)ကျောင်းအုပ်စုမှူး ဝှေလေလန်(မူလွန်)ကျောင်းအုပ်ဆရာကြီး
ဦးမြင့်ဝင်းလှနှင့်အုပ်စုတွင်းကျောင်းအုပ်ကြီးများ၊ဆရာဆရာမများ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး
ဦးစိုင်းနေ၀င်းနှင့်အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသည့်ကျေးရွာအဆင့်သူကြီးများ၊ ကျောင်းအကျိုးဆောင်
အဖွဲ့များ၊ မိဘဆရာအမှုဆောင်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။



 အဆိုပါအစည်းအဝေးတွင်ပညာရေးဌာနလမ်းညွှန်ချက်နှင့်အညီပညာသင်နှစ်တစ်လျှောက်
 ဆောင်ရွက်ဖွယ်ရာများအား အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ကျောင်းသားကျောင်းသူများ ဘက်စုံဖွံ့ဖြိုးအောင်သင်ကြားရေး၊ကျောင်းနေအရွယ်ကလေးတိုင်းကျောင်းနေရေး၊
 ဆရာဆရာမများ၏ စားဝတ်နေရေး အတွက်  ဒေသမှ ကူညီမှုဆိုင်ရာများ ၊ မြန်မာစကားကြွယ်ဝရေး
စီမံချက်ဆိုင်ရာများ၊ ကျောင်းများ၏ ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးကိစများ ၊ မီးရရှိလာသည့် အမက-နမ့်လုတ်၊အမက-၀မ်မိုင်၊ ပါခုတ်(မူလွန်)ကျောင်းများအတွက် လျှပ်စစ်မီး အသုံးပြုနိုင်ရေး စသည် တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ကျောင်းဖွင့်အမီ ပညာရေးလုပ်ငန်းများကို မိဘဆရာပူးပေါင်း ကလေးပညာကောင်း ဟူသောဆောင်ပုဒ်နှင့်အညီ ဒေသအာဏာပိုင်၊မိဘပြည်သူနှင့် ဆရာဆရာမများပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းတစ်ခုကို အကောင်အထည်ဖော်နေကြခြင်းဖြစ်ပါသည်။




အလားတူ တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ဝှေလေလန်ကျေးရွာတွင် ကျန်းမာရေးဌာနခွဲတာဝန်ခံဆရာမဒေါ်ဆိုင်းခေါန်ဦးဆောင်သောမိခင်နှင့်ကလေးစောင့်ရှောက်ရေး
အသင်းဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ကျန်းမာရေးလုပ်သား ဦးအားလောင်တို့ပါဝင်သောအဖွဲ့သည် ကျေးရွာအတွင်း ခြင်ယင်နှိမ်နင်းရေးနှင့်
 သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးစီမံချက် ကို (၂၄.၅.၁၃) ရက်နေ့မှစတင်ပြီး ဆောင်ရွက်ခဲ့ရာ ယနေ့ထိ အိမ်ခြေ ၇၉၂ အိမ်အထိ သွားရောက်ကူညီဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ယနေ့(၂၅.၅.၁၃)ရက်နေ့နေ့လည် (၁၁း၀၀) နာရီတွင် ဝှေလေလန်(မူလွန်)ကျောင်းအိမ်သာ (၁၁)ခန်း နှင့်ကျောင်းရေတွင်းများကို လိုအပ်သောလမ်းညွှန်ချက်များနှင့်အညီ စီမံချက်အကောင်အထည်ဖေါ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။


                                     သတင်းပေးပို့သူ    - မြတ်မျိုးမြင့်မာန်



0 comments:

Post a Comment