မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်
ပန်းချီ၊ကာတွန်း၊ပိုစတာပြိုင်ပွဲတာချီလိတ်၌ကျင်းပ
တာချီလိတ် မေ ၂၇
ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါးအလွဲအသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၁၆)ကြိမ်မြောက်
ပန်းချီ၊ကာတွန်း၊ပိုစတာနှင့်ကွန်ပျူတာပန်းချီပြိုင် ပွဲကို မေ ၂၇ ရက်နံနက် ၉ နာရီက
တာချီလိတ်မြို့ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းခန်းမတွင်ပြုလုပ် သည်။ ပြိုင်ပွဲသို့
တာချီလိတ်မြို့ပေါ်ရှိ အထက(တာချီလိတ်)၊အထက(ဆန်ဆိုင်း)၊အလက(ပုန်းထွန်)၊အမက (တာလော)၊အမက(ရန်အောင်မြေ)ကျောင်းများမှ
ကျောင်းသားကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြရာ ပန်းချီပြိုင် ပွဲတွင်(၁၉)ဦး၊ကာတွန်းပြိုင်ပွဲတွင်(၂၀)ဦး၊ပိုစတာပြိုင်ပွဲတွင်(၁၈)ဦး၊ကွန်ပျူတာပန်းချီတွင်(၂)ဦး
စုစုပေါင်း(၅၉)ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲကျင်းပရာသို့ တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော
ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒုရဲမှူး သန်းရွှေနှင့်
ပြိုင်ပွဲကျင်းပရေးကော်မတီများ က ကြည့်ရှုအားပေး ကြီးကြပ်ဆောင်ရွက်သည်။ အဆိုပါပြိုင်ပွဲမှ
ပထမ၊ဒုတိယ၊တတိယ ရရှိသူများသည် ကျိုင်းတုံ မြို့ပြည်နယ်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်။
0 comments:
Post a Comment