တာချီလိတ် မေ ၂၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း
မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသား လူမျိုးများ အနက် လားဟူတိုင်းရင်းသားများဘက်စုံဘက်စုံဖွံ့ဖြိုးတိုးတက်ရေး
တွေ့ဆုံဆွေးနွေးပွဲကို မေ ၂၄ ရက်နံနက်က တာချီလိတ် မြို့ဆန်ဆိုင်း(ခ)ရပ်ကွက်၊လားဟူဘော်ဒါဆောင်တွင်
ပြုလုပ်သည်။ အခမ်းအနားတွင် လားဟူတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးရှာမွေလရှဲန် နှင့်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသောင်းတင်ထွေး တို့က အမှာစကားပြောကြားသည်။တွေ့ဆုံပွဲ ရည်ရွယ်ချက်များမှာ လားဟူတိုင်းရင်းသားများအနေဖြင့်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခေတ်မီဖွံ့ဖြိုးတိုး တက်ရေးအတွက် အတူတကွလက်တွဲပါဝင်ဆောင်ရွက်ရန်၊လားဟူတိုင်းရင်းသားများ
မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက် မြက်နေစေရန်၊လားဟူတိုင်းရင်းသားများ မိမိစာပေနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို
ထိန်းသိမ်းစောင့်ရှောက်လိုစိတ် အစဉ်ရှိနေစေရန်နှင့်လားဟူတိုင်းရင်းသားများ ခေတ်စနစ်နှင့်အညီ
ဘက်စုံဖွံ့ဖြိုးတိုးတက်နေစေရန်တို့ဖြစ်ကြောင်း လားဟူတိုင်းရင်းသားရေးရာဝန်ကြီးကပြောကြားသည်။
ယင်းနောက် စာတမ်းခေါင်းစဉ်(၉)ခု ကိုလည်း ဖတ်ကြား ဆွေးနွေး ကြသည်။ဆွေးနွေးပွဲအပြီးတွင် ဆုံးဖြတ်ချက်(၅)ရပ်ချမှတ်ရာ
လားဟူတိုင်းရင်းသားအမှတ်တံဆိပ်နှင့် အလံတို့ကိုရေးဆွဲပြီး အထက်အဆင့်ဆင့်သို့ တင်ပြရန်နှင့်လားဟူတိုင်းရင်းသားများနှစ်စဉ်ကျင်းပမြဲဖြစ်သော
နှစ် သစ်ကူးပွဲတော်ရက်သတ်မှတ်ရန်စသည်တို့ဖြစ်သည်။ ထို့နောက် တာချီလိတ်ခရိုင် လားဟူစာပေနှင့်ယဉ်ကျေးမှု
ဥက္ကဌ ဦးဝီလ်ဆင်မိုးက ကျေးဇူးတင်စကား ပြောကြားကြောင်းသိရှိရသည်။
0 comments:
Post a Comment