Wednesday, 22 May 2013

ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေး တာချီလိတ်တွင် ညှိနှိုင်းဆွေးနွေး









တာချီလိတ် မေ ၂၂

          နိုင်ငံတော်အစိုးရ၏ စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို မေ ၂၁ ရက် မွန်းလွဲ ၁ နာရီက တာချီလိတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။ အခမ်းအနားသို့ ခရိုင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ၊ စည် ပင်သာယာရေးကော်မတီ၊အထောက်အကူပြုကော်မတီဝင်များနှင့် စိးပွားရေးကုန်ထုတ်လုပ်ငန်းရှင်များ၊မွေးမြူရေး လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက ရှင်းလင်းတင်ပြရာတွင် “တာချီလိတ် ဒေသအနေဖြင့် ယခင်ကလည်းအချို့အဖွဲ့တွေဖွဲ့ထားတာရှိကြောင်း၊သို့သော် အခက်အခဲလေးတွေရှိကြောင်း၊ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပုဂ္ဂလိကကဏ္ဍရှိ အသင်းအ ဖွဲ့များအတွင်း လုပ်ငန်းအလိုက် လုပ်ငန်းအဖွဲ့(Working Group) များဖွဲ့စည်းသွားမှာဖြစ်ကြောင်း၊ အဖွဲ့တိုင်းတွင် စီမံကိန်းဦးစီးဌာနက အတွင်းရေးမှူး ဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ခရိုင်စီမံကိန်းဦးစီးမှူး ဦးမင်းသိန်းက အဖွဲ့များဖွဲ့စည်းရာတွင် ပါဝင်သင့်သည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။ယင်းနောက် တက်ရောက်လာသူများက လက်ရှိအခက်အခဲများနှင့် ဆက်လက်ဖွဲ့စည်းမည့် အဖွဲ့များနှင့်ပတ်သက်သည့် လိုအပ် ချက်များကို တင်ပြကြကြောင်းသိရှိရသည်။

                                                                                                ခရိုင်ပြန်/ဆက်

0 comments:

Post a Comment