Wednesday, 17 April 2013

သံတမန်အဖွဲ့တာချီလိတ်မျြိ့မှပြန်လည်ထွက်ခွာ






တာချီလိတ် ဧပြီ ၁၇
ပြည်ထောင်စု  သမ္မတ   မြန်မာနိုင်ငံတော်      နိုင်ငံခြားရေးဝန်ကြီးဌာန ၊         ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော နိုင်ငံ (၁၂) နိုင်ငံမှ  မြန်မာနိုင်ငံ  နိုင်ငံခြားသံတမန်အဖွဲ့ဝင်များနှင့် မိသားစု
များသည် ဧပြီ ၁၇ ရက် နံနက် ၇ နာရီတွင် အလူလာဟိုတယ်မှထွက်ခွါပြီး   ရှမ်းပြည်နယ် တာချီလိတ်မြို့နယ် မြန်မာ-ထိုင်း-လာအို  သုံးနိုင်ငံနယ်စပ်ဆုံရာဖြစ်သော ရွှေတြိဂံဒေသသို့ နံနက် ၈နာရီ ၁၀ မိနစ်တွင်  ရောက်ရှိ
ပြီး မဲခေါင်မြစ်အလှ၊သုံးနိုင်ငံဆုံရာမြင်ကွင်းအလှ တို့အားကြည့်ရှု ကာ   အမှတ်တရ    ဓာတ်ပုံများရိုက်ကူးကြ
သည်။ ယင်းနောက် ရွှေတြိဂံ ဒေသ ပါရာဒိုက် ဟိုတယ်တွင် ခေတ္တအပန်းဖြေအနားယူကြသည်။ဆက်လက်ပြီှး နံနက် ၉ နာရီ ခွဲတွင် ပါရာဒိုက်ဟိုတယ်မှ ပြန်လည်ထွက်ခွါလာပြီး  တာချီလိတ်မြို့၏     အထင်ကရဖြစ်သော
တာလော့ဈေးအတွင်း စိတ်ချမ်းမြေ့ ပျော်ရွှင်စွာ     လှည့်လည်ကြည့်ရှုပြီး   အမှတ်တရ ပစ္စည်းများ ၀ယ်ယူကြ
သည်။ယင်းနောက်         တာချီလိတ်လေဆိပ်သို့ နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိရာ     ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသောင်းတင်ထွေး နှင့်တာဝန်ရှိသူများ၊ ဒေသခံ ရှမ်း၊ လားဟူ၊ အာခါ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များ၊
သင်္ကြန် ယိမ်းအဖွဲ့များ က အဆို အတီး အကများဖြင့်လည်းကောင်း၊    အတာရေပက်ဖျန်း၍  လည်းကောင်း၊
ပို့ဆောင်နှုတ်ဆက်ကြသည်။ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် နံနက် ၁၁ နာရီတွင်   တာချီလိတ်လေဆိပ်မှ ဟဲဟိုး လေဆိပ်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment