Wednesday, 17 April 2013

ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်နှင့်သံတမန်အဖွဲ့တာချီလိတ်မြို့သို့ရောက်ရှိ








တာချီလိတ် ဧပြီ၁၇
ကျိုင်းတုံမြို့     တွင်ရောက်ရှိနေသည့်          နိုင်ငံခြားရေးဝန်ကြီးဌာန           ပြည်ထောင်စုဝန်ကြီး
ဦးဝဏ္ဏမောင်လွင် ဦးဆောင်သော နိုင်ငံ (၁၂) နိုင်ငံမှ  သံတမန်အဖွဲ့ဝင်များနှင့်မိသားစုများ(UNICR)(UNRC) (ICRC) မှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၃၇) ဦးပါဝင်သောအဖွဲ့သည်  ရှမ်းပြည်နယ်အစိုးရအဖွဲ့   လုံခြုံရေး
နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး  ဦးခင်ဝင်းနှင့်   တာဝန်ရှိသူများ
လိုက်ပါလျက် ဧပြီ ၁၆ ရက် နံနက် ၆နာရီ ၄၅ မိနစ်တွင် ကျိုင်းတုံမြို့မှစတင်ထွက်ခွါခဲ့ရာ မိုင်းလားမြို့သို့နံနက်
၉နာရီ ၅၀ မိနစ်တွင် ရောက်ရှိခဲ့ရာ အထူးဒေသ( ၄ ) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း ဦးဆောင်သော ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီအဖွဲ့ဝင်များက  တိုင်းရင်းသူလေးများဖြင့်
ပန်းစည်းဆက်ကြိုဆိုခြုင်း၊ ရိုးရာယဉ်ကျေးမှု အတီးအမှုတ်အကအခုန်များဖြင့် ကြိုဆိုခြင်းများပြုလျက်   ရင်းနှီး
နွေးထွေးစွာ ကြိုဆိုကြသည်။
          ယင်းနောက် အထူးဒေသ(၄)အုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးဆောင်သော သံတမန်အဖွဲ့ဝင်များ၊   အဖွဲ့အစည်းများမှ      ကိုယ်စားလှယ်များအား
အထူးဒေသ (၄)ငြိမ်းချမ်းရေးနှင့်   စည်းလုံးရေးကော်မတီဥက္ကဋ္ဌ   ဦးစိုင်းလင်းက  မိုင်းလားဒေသအခြေအနေ၊
ဖွံ့ဖြိုးရေးဆောင်ရွက်မှုများ၊ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးဆောင်ရွက်မှုများ၊ရည်မှန်းချက်များနှင့် ပံ့ပိုးရန်လိုအပ်
ချက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ယခုကဲ့
သို့ လှိုက်လှဲပျူငှာ စွာ ကြိုဆိုမှုများနှင့် ရှင်းလင်းတင်ပြမှုများအတွက်    ကျေးဇူးတင်စကားပြန်လည်ပြောကြား
လျက် အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း၏     ရှင်းလင်းတင်ပြမှုများ
အား သံတမန်အဖွဲ့များ ရှင်းလင်းစွာသိရှိနိုင်ရန် အတွက် အင်္ဂလိပ်ဘာသာဖြင့်   ပြန်လည်ရှင်းလင်းပြောကြား
ပါသည်။
          နံနက် ၁၁ နာရီအချိန်တွင်အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းလင်း
ဦးဆောင်သောအဖွဲ့ဝင်များက      ပြည်ထောင်စုဝန်ကြီးနှင့် သံတမန်အဖွဲ့ဝင်များအား    မိုင်းလားမြို့၏ဖွံင့်္ဖြိုး
တိုးတက်မှုများ၊တရုတ်နိုင်ငံ   နယ်စပ်ဂိတ်နှင့်    နယ်နိမိတ်ကျောက်တိုင်အမှတ်    ၂၁၈(၁)ကိုလည်းကောင်း၊
မိုင်းလားမြို့ ရွှေတိဂုံပုံတူ စေတီတော်ကုန်းမြေမှ  ပတ်ဝန်းကျင်ရှုခင်းများကိုလည်းကောင်း၊မိုင်းလားမြို့  မူးယစ်
ပြတိုက်အားလည်းကောင်း လိုက်လံရှင်းလင်းပြသကြသည်။   ယင်းနောက်မိုင်းလားမြို့ ရွှေဟင်္သာစားသောက်
ဆိုင်ခန်းမတွင်အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီဥက္ကဋ္ဌ က  ဧည့်သည်တော်အဖွဲ့ဝင်များ
အား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံပြီး ယဉ်ကျေးမှုအကအဖွဲ့များဖြင့် ဧည့်ခံဖျော်ဖြေခဲ့သည်။    ယင်းနောက်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်အထူးဒေသ(၄)  ငြိမ်းချမ်းရေးနှင့်     စည်းလုံးရေးကော်မတီ
ဥက္ကဋ္ဌ ဦးစိုင်းလင်းတို့က လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
          မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေဟင်္သာ စားသောက်ဆိုင်မှ စတင်ထွက်ခွာ၍ မိုင်းလားဈေးအား  မော်တော်
ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုပြီး ပြန်လည်ထွက်ခွာခဲ့ကြရာ    ကျိုင်းတုံလေဆိပ်သို့     ညနေ ၃ နာရီတွင်
ပြန်လည်ရောက်ရှိကြသည်။ ညနေ ၃ နာရီခွဲတွင် ကျိုင်းတုံလေဆိပ်မှ     မြန်မာ့လေကြောင်း    လေယာဉ်ဖြင့်
တာချီလိတ်မြို့သို့ ဆက်လက်ထွက်ခွာသည်။
         ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ညနေ ၄ နာရီအချိန်ခန့်တွင်   မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ရှမ်းပြည်နယ်   တာချီလိတ်မြို့    လေဆိပ်သို့ရောက်ရှိလာရာ ခရိုင်အုပ်ချုပ်ရေးမှူး   ဦးသောင်းတင်ထွေး ဦးစီး၍    ဌာနဆိုင်ရာဝန်ထမ်းများ   ဒေသခံ ရှမ်း၊လားဟူ၊အာခါ   တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် သင်္ကြန်ယိမ်းအဖွဲ့များက ပန်းစည်းဆက်ကြိုဆိုခြင်းအဆိုအတီးအကများဖြင့် လှိုက်လှဲ ပျူငှာ နွေးထွေးစွာ ကြိုဆိုကြသည်။ယင်းနောက် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော သံတမန်အဖွဲ့ဝင်များသည် တာချီလိတ်မြို့ မြန်မာ-ထိုင်း နယ်စပ် အမှတ်(၁)ချစ်ကြည်ရေးတံတားနှင့် တာလော့ဈေးတို့အား ပျော်ရွှင် စိတ်ချမ်းမြေ့စွာ လှည့်လည်ကြည့်ရှု လေ့လာကြပြီး ညနေ ၆ နာရီတွင် ခေတ္တ တည်းခိုမည့် အလူရာ    ဟိုတယ်သို့ ညအိပ်ရပ်နားကြောင်းသတင်းရရှိသည်။
                                                                                                   ခရိုင်ပြန်/ဆက်
                                                                                                                                                                  



0 comments:

Post a Comment