သားကောင်ဖြစ်သွားသောမုဆိုး
(သို့မဟုတ်)
ပေးဆပ်ခြင်း
+ လင့်စင်ထိုးလျှက် မုဆိုးတစ်သိုက်
ကျားငမိုက်ကို မှောင်မိုက်ခိုကာ
ပစ်ဖို့ရာတွက် လက်နက်ပြည့်စုံ
ခဲယမ်းစုံဖြင့် စုံလင်ရိက္ခာ
ရေဗူးပါပြီး
တောမှာချောင်းမြောင်းနေကြသည်။
+ သန်းခေါင်ကျော်ချိန် ညမှိန်မှိန်မှာ
ကျားဆိုးလာသည် ဘယ်ညာပတ်ကြည့်
ဘေးမရှိမှ ထောင်သည့်သားကောင်
နွားသေကောင် ကို နှာရောင်ဖြင့် နမ်းနေလေပြီ။
+ မုဆိုးလက်နက် ချိန်သီးခွက်က
ကျားလက်ပြင်မှာ ထိုးချိန်ကာဖြင့်
အာရုံစုစည်း သက်အောင့်ပြီးလျှင်
ပစ်မယ်ပြင်ဆင်နေတဲ့ အချိန် ။
+ ညာလက်မောင်းတွင် တောရိုင်းခြင်က
တမင်ရက်စက် ညစာတွက်ပေါ့
ခြေလက်မိုးမြှောက် နှုတ်သီးထောက်လျှက်
သွေးဖေါက်ထုတ် စုတ်နေလေပြီ။ ။
ရဲထွဋ်ခေါ်င်
(မောင်သီးသန့်(ရန်ကင်း)၏ရိုးမကဗျာများဖတ်၍
မုဆိုးကဗျာကို စိတ်ကူးရရှိပါသည်)
0 comments:
Post a Comment