Saturday, 9 February 2013

တာချီလိတ်မြို့နယ် အေအိုင်ဒီအက်စ်ဝေဒနာရှင်များကူညီစောင့်ရှောက်ရေးအသင်း(ASG) လစဉ်ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ခြင်း



    တာချီလိတ်မြို့နယ် အေအိုင်ဒီအက်စ်ဝေဒနာရှင်များကူညီစောင့်ရှောက်ရေးအသင်း(ASG)
                လစဉ်ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

    တာချီလိတ်မြို့နယ် အေအိုင်ဒီအက်စ်ဝေဒနာရှင်များကူညီစောင့်ရှောက်ရေးအသင်း(ASG)
၏ ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလအတွက် လစဉ်ပုံမှန်အစည်းအဝေး အား ၂၀၁၃ခုနှစ် ဖေဖေါ်ဝါရီလ(၉)
ရက်နေ့ မွန်းလွဲ(၁၃၀၀)နာရီအချိန်တွင် ၀မ်ကောင်းရပ်ကွက်၊မဂင်ဿလာလမ်းရှိ အဆိုပါအသင်းရုံးတွင်ကျင်းပ
ပြုလုပ်ရာ အသင်းအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်အသင်းဝင်များ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း
သိရှိရသည်။
    တာချီလိတ်မြို့နယ် အေအိုင်ဒီအက်စ်ဝေဒနာရှင်များကူညီစောင့်ရှောက်ရေးအသင်း(ASG)
သည် လစဉ် တစ်လလျှင်တစ်ကြိမ်ပုံမှန်အစည်းအဝေးပြုလုပ်ပြီး အမှုဆောင်အဖွဲ့ဝင်များအဖြစ် ၊
တာချီလိတ်ခရိုင်ကျန်းမာရေးဦးစီးဌာန မှ အငြိမ်းစားခရိုင်ဆရာဝန်ကြီး ဒေါက်တာမောင်မောင်ယုမှ
ဘုတ်အဖွဲ့ဥကဿကဌအဖြစ်လည်းကောင်း ၊ အသင်း ဒါရိုက်တာအဖြစ် ဒေါက်တာမြင့်အောင်မှလည်းကောင်း
တာဝန်ယူပြီးအမှုဆောင်များအဖြစ် ဦးစိုင်းလေးမောင်(ကျန်းမာရေးဌာနအငြိမ်းစား)၊ဒေါ်ဝင်းဝင်းဘွား
(အငြိမ်းစားအထက်တန်းသူနာပြု) ဦးမောင်ဦး (စာရင်းစစ်မှူးအငြိမ်းစား) ဦးသောင်းထွန်း(စာရင်းစစ်
အငြိမ်းစား)ဦးစောဂျိုးဇက်(အငြိမ်းစား အထကကျောင်းအုပ်ကြီး) နှင့် ဦးစစ်ခိုင်ထွန်း (ကျန်းမာရေးမှူး
အငြိမ်းစား)တို့ပါဝင်ဖွဲ့စည်းထားပြီး ၊အေအိုင်ဒီအက်စ်လူနာများကူညီစောင့်ရှောက်ရေးလုပ်ငန်းများ၊
ကြိုတင်ကာကွယ်ပညာပေးရေးလုပ်ငန်းများ ၊မိခင်နှင့်ကလေးကျန်းမာရေးကူညီစောင့်ရှောက်ရေးလုပ်ငန်း
များကို အခမဲ့ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။
    အဆိုပါ အသင်းသည် အေအိုင်ဒီအက်စ် ဖြစ်ပွါးသူလူနာများအား ရှင်ဗာကုလရန်ပုံငွေအမည်ဖြင့်
အေအိုင်ဒီအက်စ်ဝေဒနာရှင်များအတွက် အသက်ကယ်ဆေးများကို စရိတ်မျှပေးစနစ်ဖြင့်လစဉ်ဖြန့်ဝေပေး
လျှက်ရှိပါသည်။ ရှင်ဗာကုလ ရန်ပုံငွေမှာလည်း မြို့မိ/မြို့ဖများ၊စေတနာရှင်များ၏ အလှူငွေဖြင့်ရပ်တည်
နေခြင်းဖြစ်ရာ မွေးနေ့အထိမ်းအမှတ် ၊မဂင်ဿလာဦးအထိမ်းအမှတ် နှင့်အခြားအထိမ်းအမှတ်များအတွက်
အလှူငွေများထည့်ဝင်လှူဒါန်းလိုပါလျှင် တယ်လီုဖုန်းအမှတ် ၊၀၈၄၅၂၂၉၄ သို့ဆက်သွယ်လှူဒါန်းနိုင်
ကြောင်းသိရှိရသည်။
    အဆိုပါ အသင်းအနေဖြင့် အေအိုင်ဒီအက်စ်လူနာများအားကုသကူညီပေးခြင်းအပြင်အလုပ်
အကိုင်အခွင့်အလမ်းများကိုလည်း ဖန်တီးပေးလျက်ရှိရာ ဝေဒနာရှင်များအတွင်းမှ တတ်ကျွမ်းနားလည်သူ
များဖြင့် ကွန်ပျူတာသင်တန်းဖွင့်လှစ်ပို့ချပေးခြင်း၊ ကွန်ပျူတာများကို ရုံး/အိမ်အရောက်လိုက်လံပြင်ဆင်
ပေးခြင်း ၊လက်မှုအတတ်ပညာများဖြင့် လက်မှုပစဿစည်းများပြုလုပ်ဖန်တီးရောင်းချပြီးဝင်ငွေရှာဖွေခြင်းများ
ကိုဆောင်ရွက်လျှက်ရှိသည့်အပြင်ထပ်မံ၍ အမျိုးသား/အမျိုးသမီးဝတ်အ၀တ်အထည်များ အားစက်ချုပ်/
လက်ချုပ်လုပ်ငန်းများကိုတို့ချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

0 comments:

Post a Comment