ရှမ်းပြည်နယ်နေ့အခမ်းအနားတာချီလိတ်၌ကျင်းပ
တာချီလိတ် ဖေဖော်ဝါရီ
၇
ဖေဖော်ဝါရီလ(၇)ရက်နေ့တွင်ကျရောက်သည့်(၆၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားကို ဖေဖော်ဝါရီ(၇)ရက်
နံနက်၈နာရီကတာချီလိတ်မြို့အောင်မြတ်ခန်းမတွင်ကျင်းပသည်။အခမ်းအနားသို့ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊
မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူးနှင့်ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊နိုင်ငံရေးပါတီအသီးသီးမှကိုယ်စားလှယ်များ၊
လူမှုရေးအသင်းအဖွဲ့ဝင်များရှမ်း၊လားဟူ၊အာခါတိုင်းရင်းသားများတက်ရောက်ကြသည်။ ရှေးဦးစွာရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ပြည်နယ်ဝန်ကြီးချုပ်ဦးစပ်အောင်မြတ်ထံမှပေးပို့သော(၆၆)နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားသ၀ဏ်လွှာအား ခရိုင်အုပ်ချုပ်ရေးမှူးဦးသောင်းတင်ထွေးကဖတ်ကြားသည်။ယင်းနောက်တိုင်းရင်းသားများစုပေါင်းပြီရှမ်းဘာသာဖြင့်အဖွင့်
တေးသီချင်းဖြင့်သီဆိုဖျော်ဖြေသည်။ဆက်လက်ပြီးရှမ်းတိုင်းရင်းသားများ၏ရိုးရာကိန္နရီ၊ကိန္နရာအက၊တိုးနယားအက၊ရိုးရာ
ဓါးသိုင်းအကတို့ဖြင့်ဖျော်ဖြေသည်။ဆက်လက်ပြီးအ-ထ-ကတာချီလိတ်မှကျောင်းသားကျောင်းသူ(၂)ဦးတို့က
မြန်မာ့ရိုးရာနှစ်ပါးသွားအက၊ဦးရွှေရိုးဒေါ်မိုးးအကတို့ဖြင့်လည်းကောင်း၊အာခါတိုင်းရင်းသူလှပျိုမယ်များကနှစ်သစ်
ကူးကောက်သစ်စားပွဲတော် အဓိပ္ပါယ်ရ”ပေါ်ချန်တု“အကဖြင့်လည်းကောင်း၊လားဟူတိုင်းရင်းသားမောင်မယ်များကနှစ်သစ်ကူးပွဲတော်အဓိပ္ပါယ်ရ ''ခေါ်ကြားပွဲ“အကဖြင့်လည်းကောင်းအသီးသီးဖျော်ဖြေတင်ဆက်ကြသည်။အခမ်းအနားအပြီးတွင်ခရိုင်ပြန်ကြားရေးနှင့်ြ
ပည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသောရှမ်း၊လားဟူ၊အာခါတိုင်းရင်းသားတို့၏ရိုးရာဓလေ့ထုံးစံနှင့်
ဝတ်စားဆင်ယင်မှမှတ်တမ်းဓါတ်ပုံများကိုစိတ်ဝင်တစားကြည့်ရှုကြသည်။ထို့ပြင်ပြန်ကြားရေးနှင့်ပြည်သူ့
ဆက်ဆံရေးဦးစီးဌာနမှပြည်ထောင်စုနေ့အထိမ်းအမှတ်
လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်းသိရှိရပါသည်။
မောင်ဆွေငြိမ်း
0 comments:
Post a Comment