အရည်အချင်းစစ်စစ်ဆိုသည်မှာ
တော်ပေတတ်ကြောင်း
ကောင်းသည့်စကား
ပြောလာငြားလည်း
ပြောကြားသူပင်
ဆင်ခြင်သတိ ရှိသည့်ပညာ
ဗာလာရွာသား ဖြစ်တုံငြားက
ဂုဏ် ထားမမြောက် ဂုဏ်မရောက်ပေ။
တော်ပေတတ်ကြောင်း
ကောင်းသည့်စကား
ပြောကြားသူပင်
ဆင်ခြင်ဥာဏ်ရှိ တတ်သိလိမ္မာ
ဖြစ်တုံပါမူ
သူတော်ဂုဏ်ထောက် ဂုဏ်မြောက်၏ဟု
မဖောက်မှန်စွာ ဒေသနာဝယ်
မြတ်စွာဟောကြား သည်စကားကို
မှတ်သားနာယူဖူးပါသည်။
ဦးအောင်ကျော်ဦး (ခုတ်ဝ)
0 comments:
Post a Comment