မြတ်ဆရာသို့ ဦးညွတ်ခြင်း
ဆရာဟူဘိ
တပည့်အပေါင်း
တတ်စေကြောင်းလျှင်
သင်ဘိပညာ
သာစေကြောင်းလျှင်
ရွှင်ကြည်နှလုံး ဆုံးမသေချာ
လူ့ရေးရာဝယ်
တွင်ကျယ်တက်တိုး မညှိုးနွမ်းစေ
ပန်းနှယ်ဝေသို့ ရှိစေချင်။ ။
အိုမြတ်ဆရာ
အသပြာ မရှိ
တ မပြည့်လည်း
နွမ်းယိသည်မရှိ တောင့်တင်း၏
စွန်းငြိသည်မရှိ ဖြောင့်စင်း၏
ထွန်းညှိသည်မရှိ တောက်လင်း၏။ ။
အို........ မြတ်သောဆရာ
သာယာစေကြောင်း
ဆုမွန်တောင်း၍
ဝမ်းပြည့်သည်မရှိ ကန်တော့၏။ ။
ဦးအောင်ကျော်ဦး(ခုတ်ဝ)
0 comments:
Post a Comment