ခြံစည်းရိုးမရှိတဲ့ရွာ
ငယ်သူငယ်ချင်းရဲ့ရွာ
တစ်ခါရောက်သွားပေါ့၊
သူ့အိမ်သူဆုံးပါးသွားလို့
နာရေးသွားမေးတာပါ၊
သူရွာမှာ အိမ်တွေက
သော့ခတ်မထား၊
ခြံစည်းရိုးမရှိ၊
ရေအိုးစင်တွေများပေမဲ့
သံကြိုးခတ်မထား၊
စာချုပ်တွေမရှိပေမဲ့
ကတိတော့တည်ကြတယ်၊
တစ်ရွာလုံးဆွေမျိုးတွေချည်း၊
သူ့ညီမကိုယ်ယူ
ကိုယ့်နှမသူ့ပေးနဲ့
လေပေးဖြောင့်ကြသတဲ့၊၊
““မင်းမိန်းမကိုသိပ်ချစ်မှာပေါ့ ”လို့
ပြန်ခါနီး မေးမိတော့
“ကွာ ..ရှင်မ ဆုံးပါးသာသွား
ချစ်တဲ့အကြောင်း
ငါ မပြောဖြစ်ခဲ့ဘူး”လို့
ဆို့ဆို့နင်နင်နဲ့
ပြန်ပြောလာခဲ့တယ်...။
ကိုထိန်(တာချီလိတ်)
Posted in: ကာရန်မဲ့ကဗျာ။
0 comments:
Post a Comment