ကလေးသူငယ်များစစ်မှုထမ်းစေခြင်းမှ
ကာကွယ်ပေးခြင်း တာချီလိတ်၌သင်တန်းပို့ချ
တာချီလိတ် ဇန်န၀ါရီ ၂၈
ရှမ်းပြည်နယ်၊တာချီလိတ်မြို့လူကုန်ကူးတားဆီးနှိမ်နင်းရေးအထူးအဖွဲ့၊လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဝေါလ်ဗီရှင်မြန်မာ
တာချီလိတ်တို့ပူးပေါင်း၍ကလေးသူငယ်များစစ်မှုထမ်းစေခြင်းမှကာကွယ်ပေးခြင်းသင်တန်းကို
ဇန်န၀ါရီ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်
ပြုလုပ်သည်။
သင်တန်းတွင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူးကအဖွင့်အမှာစကားပြောကြားသည်။ယင်းနောက်တာချီလိတ်လူကုန်ကူး အထူးအဖွဲ့တာဝန်ခံဒုရဲမှူးရင်ရင်အေးကကလေးသူငယ်များစစ်မှုထမ်းစေခြင်းမှကာကွယ်ပေးခြင်းနှင့်ပတ်သက်၍နိုင်ငံတော်
ဆောင်ရွက်ချက်များကိုဟောပြောပို့ချပြီး၊ဝေါလ်ဗီရှင်မြန်မာရန်ကုန်ရုံးမှကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
နည်းပညာတာဝန်ခံဦးမြတ်မင်းသူ နှင့် ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှဦးစီးအရာရှိဒေါ်ခင်ခင်မြင့်(ကျောင်းအုပ်ကြီး)တို့က
အသေးစိတ် သင်ကြားပို့ချသည်။
သင်တန်းသို့ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့
ဝင်များ၊ကျောင်းဆရာ၊ဆရာမများ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊လူကုန်ကူးအထူးအဖွဲ့မှ
တပ်ဖွဲ့ဝင်များ၊ဝေါလ်ဗီရှင်မြန်မာတာချီလိတ်မှဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်း
များ၊
ရပ်ကွက်အုပ်ချုပ် ရေးမှူးများ ၊လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်း သင်တန်းသား ကျား ၂၈ ဦး၊
မ
၃၅ ဦး စုစုပေါင်း ၆၃ ဦးတက်ရောက်ခဲ့ကြောင်းသိရှိရသည်။
မောင်ဆွေငြိမ်း(တာချီလိတ်)
0 comments:
Post a Comment