Saturday, 19 January 2013

ဗမာ့ရင်လေး


 


ဗမာ့ရင်လေး

ဗမာဗမာနဲ့
ညာခဲ့တာ ကြာပေါ့
အစာချဲ့ကာ
မယောင်ရာ ဆီလူး
ခေတ်ကူးပြီတဲ့။    ။

ပုရစ်ဖူးငုံဝေ
ယစ်မူးကာ ကြည်နူး
အထွေထွေ အလီလီဖူးကို
ခူးဖို့လက်မနှေး။    ။

ရတက်ကယ်မအေး
စားခွက်ကယ်ရွေးကြ
တွေးသမျှ  စားခွက်ကိုမထိနဲ့
မီးပွင့်သွားမယ်။    ။

ဒါတွေကို ပြင်ဖို့ပြော
စောကြောရယ်စိတ်တွင်
အရိပ်ကယ် ဘ၀င်မကျလေတော့
စိတ်ထင်ရာ မလုပ်ရဲ
ငုတ်တုတ်ရယ် ထိုင်မြဲပေါ့။    ။

အော် ......
တိုးတက်ဖို့ ခေတ်အမြင်
လူမပြင် မူမပြင်ဘဲ
ယူချင်ရာ မူဆွဲလို့
လွဲပြီပေါ့ ဖြစ်အင်
ခေတ်သစ်ကို ဘယ်လိုပြင်ပါ့
ပြင်သမျှ ရတက်မအေးတယ်
တွေးဘိရင်လေး..........။       ။

                                                    မှိုင်းနေ၀န်း

(၁၅.၁.၂၀၁၃)  ည(၉း၀၀)နာရီ တွင် တင်ပြသည်.

0 comments:

Post a Comment