ကောင်းသတင်း(၂)
ဒီတစ်ခါလည်းမော်တော်ပီကယ်အကြောင်းဖြစ်နေပြန်တယ်၊ဒီနေ့(၁၇.၁.၂၀၁ ၃)နံနက်(၁၀း၄၅)နာရီမှာ မကာဟိုခမ်းဖက်သွားနေတုံး လမ်းတစ်ဖက်ကအသက်(၈၀)ကျော်အဖိုြး ကီးတစ်ယောက်ကိုသတိထားကြည့်မိလို က်တယ်၊ သူပုံကလည်းသိသာနေတယ်၊လမ်းဖြတ်ကူးဖို့ပြင်နေတာ၊မောလည်းမောနေပုံရ တယ်၊ဖြတ်သွားဖြတ်လာကားတွေကသိပ်များတော့ သူဘယ်လိုမှလမ်းကူးလို့မရဘူးဖြစ် နေတယ်၊အဲဒီအချိန်မှာမှ ခပ်၀၀၊ထောင်ထောင်မောင်းမောင်း မော်တော်ပီကယ်တစ်ယောက်ဆိုင်ကယ်စီးပြီးရောက်လာတယ်၊ သူ အဲဒီအဖိုးကြိးကိုမြင်တော့ သူ့ဆိုင်ကယ်ကိုရပ်ပြီး
အဖိုးကြိးဆီသွားလိုက်တယ်၊ပြီးတော့ရိုသေစွာနဲ့ပဲ အဖိုးကြိးရဲ့လက်ကိုတွဲလို့
လမ်းဖြတ်ကူးပေးလိုက်တယ်၊
သူ့မျက်နှာကပြုံးလို့၊
မြင်ရတဲ့သူတိုင်းကလဲပြုံးလို့၊
ကိုထိန်(တာချီလိတ်)
Posted in: ဆောင်းပါး
0 comments:
Post a Comment