တာချီလိတ်မြို့နယ်တွင်(၂၀၁၂၂၀၁၃)ပညာသင်နှစ်ဆရာဆရာမများစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း
လုပ်ငန်းဆွေးနွေးပွဲ(၃) ကို အထက-တာချီလိတ် ပြည်ထောင်စုဆောင်တွင် (၂၃.၁၂.၁၂) မှ (၂၉.၁၂.၂၀၁၂)ထိဖွင့်လှစ်ပို့ချလျှက်ရှိပါသည်။
သင်တန်းတွင်မြို့နယ်အတွင်းရှိဆရာဆရာမ(၂၃၄)ဦးတက်ရောက်လျှက်ရှိပြီးရန်ကုန်မြို့တွင်ဖွင့်လှစ်ခဲ့သော
ဗဟိုအဆင့် တက်ရောက်ခဲ့သည့် မြို့နယ်အတွင်းရှိ ပညာရေးဝန်ထမ်း(၁၈)ဦးမှ ပို့ချလျှက်ရှိပါသည်။
သင်တန်းသို့ ပညာရေးဝန်ကြီးဌာနပညာရေးစီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ဆရာမကြီးဒေါ်တင်တင်လေး၊အမှတ်(၃)အခြေခံပညာဦးစီးဌာနမှ ဆရာမကြီးဒေါ်မူမူတို့နှင့်အတူ ရှမ်းပြည်နယ်အရှေ့ပိုင်း ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးရုံးခွဲမှ ပြည်နယ်စစ်ဆေးရေး ဆရာမကြီးဒေါ်ညွန့်ညွန့်ကြည်တို့မှလာရောက်ကြီးကြပ်လျှက်ရှိကြောင်းသိရှိရပါသည်။ထို့ပြင် မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှဦးဆောင်သည့် မြို့နယ်ပညာရေးအလုပ်အမှုဆောင်အဖွဲ့ကလည်း အနီးကပ်ကြီးကြပ်လျှက်ရှိကြောင်း သိရှိရပါသည်။
ဆရာဆရာမများအနေဖြင့် သင်ကြားနည်းစနစ်သစ်များကို တစ်နှစ်အတွင်း ပထမအကြိမ်တွင် (၁၂) ရက်၊ဒုတိယအကြိမ်တွင်(၇)ရက် ၊ယခု တတိယအကြိမ်တွင် (၆)ရက် စုစုပေါင်း (၂၅)ရက် ပို့ချခြင်းဖြစ်ပါသည်။ တစ်ကြိမ်သင်တန်းပြီးတိုင်း လုပ်ငန်းစီမံချက်များ ကိုယ်တိုင်ရေးဆွဲစေပြီး လုပ်ငန်းတိုးတက်မှုများကို ဆက်လက်၍ သင်တန်းများတွင် ဆွေးနွေးခြင်း၊ သင်တန်းမတက်ရောက်မီကြား
ကာလများတွင်ကျောင်းအုပ်ကြီးများမှ ကြီးကြပ်၍ ကျောင်းအဆင့် သင်ကြားရေးတိုးတက်ရေးလုပ်ငန်းများ အားလက်တွေ့ဆောင်ရွက်စေခြင်း၊ကျောင်းအုပ်စုအဆင့်ပညာရေးအုပ်စုမှူးများကဦးဆောင်အကောင်အထည်ဖေါ်ခြင်းဖြင့်
ဆောင်ရွက်လျှက်ရှိရာတာချီလိတ်မြို့နယ်၏အခြေခံပညာရေးတိုးတက်မှုသိသာစွာမြင့်မားလာနေပြီဖြစ်ကြောင်း
သိရှိရပါသည်။ သင်တန်းအဆင့်ဆင့်တွင် အဆင့်မြင့်နိုင်ငံတကာအဆင့်မီ သင်ကြားနည်းများဖြင့်
လေ့လာဆွေးနွေးသင်ကြားခဲ့ကြရကြောင်း၊ထို့ပြင် မြန်မာနိုင်ငံရှိ ဆရာနည်းကျောင်းများတွင် ကျောင်းသား ၆၀% မှာတန်းတွဲ (ဆရာတစ်ဦးလျှင် အနည်းဆုံး အတန်းနှစ်တန်း သို့မဟုတ် အတန်း ၃တန်း) သင်ကြားနေရသဖြင့်နိုင်ငံတကာအဆင်မီ တန်းတွဲသင်ကြားနည်းစနစ်သစ်များကို ယခုဆွေးနွေးပွဲ (၃)တွင် ထိရောက်စွာသင်ကြားရပြီးဆရာ/ဆရာများကိုယ်တိုင် လက်တွေ့သင်ကြားကြရပါသည်။သင်တန်းကို ပညာရေးဝန်ကြီးဌာနနှင့် ယူနီဆက်တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။သင်တန်းနှင့်အတူ ကလေးပျော်ကျောင်း( CHILD FRIENDLYSCHOOL)ဆိုင်ရာအသိသညာများနှင့်လက်တွေ့
အကောင်အထည်ဖေါ်ရေးအတွက် ကိုလည်းဆွေးနွေးသင်ကြားခဲ့ကြရကြောင်းသတင်းရရှိပါသည်။
သတင်းပေးပို့သူ -မြတ်မျိုးမြင့်မာန်
0 comments:
Post a Comment