Saturday, 29 December 2012

ဒီဇင်ဘာနောက်ဆုံးပတ် စုပေါင်းလမ်းလျှောက်

      တာချီလိတ်မြို့မှာ ဒီဇင်ဘာ စုပေါင်းလမ်းလျှောက်ပွဲနောက်ဆုံးပတ်အဖြစ် ဒီနေ့ ၂၉ ရက်နံနက်
၅ နာရီမှာ ပြည်သူ့ဆေးရုံရှေမ မြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ကြပါတယ်။ မြို့မအား
ကစားကွင်းမှာ တော့ စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်ပြီး ဒီနှစ်ဒီဇင်ဘာကို
နှုတ်ဆက်ခဲ့ပါတယ်။ ဒီနေ့လမ်းလျှောက်ပွဲမှာ တတိယပတ်ထက် လူအင်အားလျော့သွားပါ
တယ်။ တတိယပတ်မှာတော့ အထက်(တာချီလိတ်)က ကျောင်းသားအင်အားနဲ့ဆရာ/ဆရာမတွေ
တော်တော်များများ ပါဝင်ဆင်နွဲကြပေမဲ့ ဒီတစ်ပတ်မှာ ဆန်ဆိုင်းအထက ကပါဝင်ဆင်နွဲခဲ့တာဖြစ်ပါတယ်။.
ဒါတောင် အရင်အပတ်တွေတုံးကတစ်ခါမှ မပါဝင်ခဲ့တဲ့ဌာနဆိုင်ရာများလည်း နောက်ဆုံးပတ်မှာပါဝင်
ဆင်နွဲခဲ့ကြပါတယ်။ ဒါပေမဲ့အချို့ကလေးငယ်များကတော့ အပတ်စဉ်လိုလို တက်တက်ကြွကြွ ပါဝင်ဆင်နွဲ
ကြပါတယ်။ တံတား ၂ မှာဆိုရင်ကလေးငယ်အချို့ဟာ DJ ကနဲ့ဝိုင်းဖွဲ့ကနေကြသလို အချို့ကလေးငယ်





တွေကတော့ မီးရောင်အောက် လမ်းမပေါ်မှာ ဘောလုံးကစားနေကြပါတယ်။ အချို့ကလေးငယ်တွေကတော့ ကောက်ညှင့်းပေါင်းစားရလို့လည်း ပျော်နေကြပါတယ်။

0 comments:

Post a Comment