လာခဲ့ပါလေ ဆွေသဟာ
သွေးချင်းတိုရဲ့ ဌာနေပါ ......
တြိဂံဒေသ သုံးပန်လှ
အေးချမ်းလှတယ်ဗျ ........
တောင်တန်းများနဲ့အလှဆင်
တာချီလိတ်မြို့တခွင် ............
လမ်းပန်းဆက်သွယ် လွန်လွယ်ကူ
ယခင်နှင့်တော့ မတူ ...........
လေလမ်း၊ကုန်းလမ်း လမ်းနှစ်သွယ်
လာလို့ရပါတယ် .....
နယ်စပ်ကုန်သွယ် စီးပွားရေး
အချက်အချာကျတဲ့ မြို့ကလေး ...........
ရှမ်းနှင့်အာခါ ၊ လားဟူ ဝ
သွေးချင်းဆုံတယ်ဗျ ..........
စကားသံဝဲနဲ့ ကြိုဆိုမှာ
တြိဂံမြေကပါ
ဖိတ်ခေါ်ပါတယ် မိတ်ဆွေများ
ရောက်အောင်လို့သာ လာပါလား။
နေခြည်လဲ့ (ပညာရေး)
၂၀၀၉ ခုနှစ်ထုတ်ဝေသည့် ရွှေတြိဂံမဂ္ဂဇင်းတွင် ပါရှိပြီးဖြစ်ပါသည်။
0 comments:
Post a Comment