တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျောင်းမိသားစု ၏ (၂၀၁၂-၂၀၁၃)ပညာသင်နှစ် စတုထ္တအကြိမ် စီစီအေကျောင်းအုပ်စုဆွေးနွေးပွဲ ကျင်းပပြုလုပ်
တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျောင်းမိသားစု ၏ စတုထ္တအကြိမ် စီစီအေ ကျောင်းအုပ်စုဆွေးနွေးပွဲကို (၂၂.၁၂.၁၂)ရက်နေ့ မနက်(၉း၀၀)နာရီတွင် ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်း
ဇာတိမာန်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းအုပ်စုမှူး ဦးမြင့်ဝင်းလှနှင့်အတူ အုပ်စုအတွင်းရှိ ကျောင်းအုပ်ကြီးများ လက်ထောက် အလယ်တန်းပြ၊မူလတန်းပြ နှင့်လုပ်အားပေးဆရာဆရာမ များ
တက်ရောက်ပါဝင်ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ယခုစာသင်နှစ်အတွင်း စီစီအေ နည်းစနစ်ဖြင့်သင်ကြားခဲ့မှုများ ၊ မြန်မာစကားကြွယ်ဝ
ဖွံ့ဖြိုးရေးသင်ကြားမှုနည်းစနစ်သစ်ဖြင့် သင်ကြားနေသည့် အထူးမြို့နယ်(၂၅)မြို့နယ်တွင်
တာချီလိတ်မြို့နယ်အတွင်းရှိ မိမိတို့ကျောင်းများတွင် နှစ်စမှ ယနေ့အထိ သင်ရိုးညွှန်းတမ်းအသစ်
များဖြင့်သင်ကြားခဲ့သည့် အားနည်းချက်၊အားသာချက်နှင့် အခက်အခဲများကိုကျော်လွှားခဲ့ပုံနှင့်
သင်ထောက်ကူပစ္စည်းများဆိုင်ရာဆွေးနွေးခြင်းတို့ကို အုပ်စုတွင်းကျောင်းအားလုံးမှ ဆွေးနွေးဆောင်ရွက်
်ခဲ့ကြပါသည်။
ထို့ပြင် အုပ်စုတွင်းကျောင်းအုပ်ဆရာကြီးဆရာမကြီးများက နှစ်စမှ ဆွေးနွေးပွဲကာလအတွင် ဌာနလမ်းညွှန်ချက်များနှင့် မြို့နယ်အဆင့်သင်တန်းများအား အောက်ခြေစာသင်ခန်းအထိ ထိရောက်
အောင်မြင်စေရန် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ကျောင်းအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်မှု
အခြေအနေများကို ဆန်းစစ်ဆွေးနွေးအကြံပြုတင်ပြခြင်းများကိုလည်းဆက်လက်ဆောင်ရွက်ကြ
ပါသည်။
အထက်ပါဆွေးနွေးချက်များအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊အကြံပြုဆွေးနွေးလမ်းညွှန်ခြင်းများနှင့် (၂၃.၁၂.၁၂)တွင် ဆက်လက်တက်ရောက်ရမည့် မြို့နယ်အဆင့် ဆွေးနွေးပွဲ(၃)ဆိုင်ရာများကို
ကျောင်းအုပ်စုမှူးဦးမြင့်ဝင်းလှ က ရှင်းလင်းပြောကြားပြီး (၁၂း၀၀)နာရီတွင် ဆွေးနွေးပွဲအခမ်းအနား
ပြီးမြောက်ခဲ့ကြောင်းသိရှိရပါသည်။
M4TCL
0 comments:
Post a Comment