Tuesday, 4 December 2012

တာချီလိတ်မြို့၌စာပေရေချမ်းစင်ဖွင့်






တာချီလိတ် ဒီဇင်ဘာ ၎

    ရှမ်းပြည်နယ်၊တာချီလိတ်မြို့၌ပြည်သူကိုဗဟိုပြုသော အများပြည်သူဝန်ဆောင်မှု အသိပညာပေး စာပေရေချမ်းစင်ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီတွင်
ကားကြီးကွင်းရှေ့ တော်ဝင်မြန်မာ ကားဂိတ်တွင်ပြုလုပ်သည်။
    အစီအစဉ်အရ စာပေရေချမ်းစင် အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊မြို့
နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအ
ရာရှိ ဦးမောင်ကြည်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး
နှင့်အဖွဲ့သည် စာပေရေချမ်းစင်ရှိ စာအုပ်စာစောင်များအား ကြည့်ရှုပြီး ကလေးစာပေများ
ဖြစ်သည့် ရွှေသွေး၊မိုးသောက်ပန်းဂျာနယ် စသည့်စာစောင်များထပ်မံဖြည့်ဆည်းနိုင်ရေးအတွက်
ဆောင်ရွက်ပေးသည်။
    စာပေရေချမ်းစင်တွင် တနလင်ဿာနေ့ထွက်ရှိသော ဂျာနယ်(၃)စောင်၊သတင်းစာ(၄)မျိုး၊
ရုပ်ပြ၊၀တဿထုနှင့်သုတစာအုပ်များ စင်တင်ထားရှိပေးကာ တက်ရောက်လာကြသည့် ဌာနဆိုင်
ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊တိုင်းရင်းသားပြည်သူများ ဖတ်ရှုလျက်ရှိကြောင်းသိရှိရသည်။



                                    ခရိုင်ပြန်/ဆက်

0 comments:

Post a Comment