Wednesday, 28 November 2012

ပျော်ချင်တာပေါ့အမေရယ်

ကျွန်တော့်ဘ၀မှာ
ဝမ်းသာလို့ကျတဲ့မျက်ရည်
ဝမ်းနည်းလို့ကျတဲ့မျက်ရည်
ဘယ်ဟာပိုများသလဲလို့
ဆန်းစစ်ကြည့်မိတဲ့အခါ
(၀မ်နည်းပါတယ်)တွေ
တော်တော်များနေတာကို
တွေ့လိုက်ရတယ်၊
စိတ်ကောင်းထားတာကောင်းတာပေါ့၊
လူကောင်းတွေအပေါ်
စိတ်ကောင်းထားတာ သိပ်ကောင်းတာပေါ့၊
ဒါပေမဲ့
(ထင်သာထင်မ၀င်ဘူးကျောင်းအစ်မရေ)ဆိုသလို
အနီးအနားမှာ ပြီတီတီ ညံ့တံ့တံ့ သကောင့်သားတွေကပ်နေကြသမို့
ခပ်ဖြူဖြူသမားတွေကို
ဥနှောက်ကနည်းနည်း
နှလုံးသားကများများနဲ့ဆက်ဆံဖြစ်ပြီး၊
မောင်လူရှုပ်တစ်တွေအပေါ်တော့
နှလုံးသားကနည်းနည်း
ဥနှောက်ကများများနဲ့ဆက်ဆံဖြစ်နေပါကြောင်း....၊
ဝမ်းသာမျက်ရည်များများကျစေဖို့နဲ့
နတ်လူသာဓု ကြာကြာခေါ်နိုင်ဖို့
အတွင်းစကား
လက်တို့ပြောကြားလိုက်ပါတယ်၊

ကိုထိန်(တာချီလိတ်)


0 comments:

Post a Comment