တာချီလိတ်မြို့(၁၇)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ဒီနေ့နိုဝင်ဘာ ၂၈ ရက်နေ့မှာကျင်းပပြုလုပ်ပါတယ်။ နံနက် ၇ နာရီကစပြီး ငွေပဒေသာပင်များကို မော်တော်ယာဉ်
များနဲ့တင်ဆောင်ကာ အောင်မြတ်ခန်းမမှ စတင်ထွက်ခွါပြီး ဗိုလ်ချုပ်လမ်းမအတိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတား အ၀ိုင်းကိုပတ်ကာ မြို့တွင်းကိုလှည့်လည်ပါတယ်။ ပဒေသာပင်များလှည့်လည်
လည်ရာတွင် ရှမ်းအိုးစည် များ၊ဓနုအိုးစည်များ၊ မြန်မာဒိုးပတ်များဖြင့်ပျော်ရွှင်စွာ မြိုင်မြိုင်ဆိုင်ဆိုင်တီးမှုတ်လိုက်ပါကြပါတယ်။ လမ်းဘေးကကြည့်သူတွေကလည်း မာမာအေးသီချင်းထဲကလို
ဲလမ်းဘေးကကြည့်သူတွေ ကြိတ်ကြိတ်တိုးလို့ တအားစီဲဆိုသလို အထူးစည်ကားလှပါတယ်။ မြို့တွင်းလှည့်လည်ပြီးနောက် ကထိန်ပွဲကျင်းပမည့် အောင်မင်္ဂလာတောရကျောင်းတိုက်သို့
နံနက် ၉ နာရီခွဲမှာရောက်ရှိပါတယ်။ကျောင်းတိုက်တွင်လည်း ကထိန်ပွဲလာရောက်သူများ၊အလှူငွေများလာရောက်ထည့်ဝင်သူများဖြင့်ကျောင်းပရ နံနက် ၁၀ နာရီလောက်မှာတော့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြုသော ပင့်သံဃာ ၉ ပါး ရောက်ရှိတော်မူကြပြီး ၁၀နာရီခွဲမှာ နေ့ဆွမ်းဆက်ကပ်
လှူဒါန်းပါတယ်။ ၁၁ နာရီတိတိမှာ ကထိန်ရေစက်ချအလှူတော်မင်္ဂလာ ပြုလုပ်ပါတယ်။ မွန်းတည့် ၁၂ နာရီမှာ အခမ်းအနားပြီးဆုံးပါတယ်။ ဒီနေ့လှူဒါန်းတဲ့ ငွေပဒေသာပင်စုစုပေါင်း ၇၁ ပင်
ဖြစ်ပြီး တန်ဖိုးငွေကတော့ ငွေသား ၁၁၉၀၆၉၅၄ကျပ်နှင့် ၂၁၈၅၃၆ဘတ်၊ပစ္စည်းတန်ဖိုး ၅၆၆၇၄၁၁ကျပ်နှင့် ၂၀၇၅၃၃ဘတ်ဖြစ်ပါတယ်။စုစုပေါင်း ပစ္စည်းနှင့်ငွေတန်ဖိုး(ကျပ်ဖြင့်) ၂၉၂၄၇၄၈၀ကျပ်
ဖြစ်ကြောင်း သာဓုအနုမောတနာခေါ်ဆိုနိုင်ပါရန်ရေးသားဖော်ပြအပ်ပါသည်။
မောင်ဆွေငြိမ်း
0 comments:
Post a Comment