တာချီလိတ်မြို့မှာ စာကြည့်တိုက်တစ်ခု ပီပီပြင်ပြင်ဖြစ်ပေါ်လာဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်၊
မြို့နယ်စာရေးဆရာအသင်းအမှုဆောင်များရဲ့ကြိုးပမ်းမှုကြောင့် ပထမအဆင့်ဖြစ်တဲ့
ရုံးအဆောက်အဦတစ်ခု ဆောက်လုပ်နေတာပြီးပါတော့မယ်၊
အထူးအားစိုက်ခဲ့တဲ့ မြို့နယ်စာရေးဆရာအသင်းရဲ့ ဘဏ္ဍာရေးမှူး မောင်ဖိုးစံ(ဒူးယား)လို့အမည်ရတဲ့
ရဲအုပ်စံသိန်း၊ ဗိသုကာ ဦးမြင့်လွင်(ဇေယျာမင်း-ကေတု)၊
ကိုဝေယံဦး(နေတစ်စင်း)၊ဦးစိုင်းကျော်ဇံ(စိုင်းလုံကျော်)
ဒေါက်တာမြင့်အောင်(မောင်မြန်မာ)၊စိုင်းဇော်မိုး(ဆူလဏီး)
နှင့်တကွ အမှုဆောင်များအားလုံးရဲ့အားထုတ်မှုတို့ကို အထူးမှတ်တမ်း
တင်ရပါလိမ့်မယ်၊ လှူဒါန်းကြတဲ့အလှူရှင်များကိုလဲ လေးနက်တည်ကြည်စွာ ကျေးဇူးတင်ပါတယ်၊
ကြုံရင်လဲဝင်ခဲ့ကြပါ၊ မေဖလားဝါးကွင်း၊ ကြက်ခြေနီရုံးကပ်လျက်မှာ ကျွန်တော်တို့ရဲ့ ရုံးအဆောက်အဦဆောက်နေတာရှိပါတယ်၊ပြီးတာနဲ့ စာကြည့်တိုက်တစ်ခုပီပီပြင်ပြင်ဖြစ်လာဖို့ ဆက်လက်
ဆောင်ရွက်ပါမယ်၊ ကူညီကြမယ်ဆိုရင်လဲ ကြိုဆိုပါတယ်၊
(တာချီလိတ်မြို့နယ်စာရေးဆရာအသင်း)
0 comments:
Post a Comment