Saturday, 17 November 2012

တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် မိုင်းဖုန်း(ခ)ကျောင်းမိသားစု စီစီအေ ကျောင်းမိသားစုအဆင့်တတိယအကြိမ်ဆွေးနွေးပွဲကျင်းပပြုလုပ်




   
 တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် မိုင်းဖုန်း(ခ)ကျောင်းမိသားစု ၏  စီစီအေ          ကျောင်းမိသားစုအဆင့်တတိယအကြိမ်ဆွေးနွေးပွဲကျင်းပပြုလုပ်



    တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင် မိုင်းဖုန်း(ခ)ကျောင်းမိသားစု    စီစီအေ
    ကျောင်းမိသားစုအဆင့်တတိယအကြိမ်ဆွေးနွေးပွဲ အခမ်းအနားအား (၁၇.၁၁.၁၂)နံနက် (၉)နာရီတွင်
     ဝှေလေလန်အခြေခံပညာမူလတန်းလွန်ကျောင်း ဇာတိမာန်ခန်းမတွင် ကျင်းပခဲ့ပါသည်။
    အခမ်းအနားသို့ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုတွင်းမှ ကျောင်းအုပ်စုမှူးဦးမြင့်ဝင်းလှဦးဆောင်သော      အုပ်စု တွင်းကျောင်းအုပ်ကြီးများနှင့်လက်ထောက်ဆရာဆရာမ များတက်ရောက် ဆွေးနွေးခဲ့ပါသည်။


    ယခုဆွေးနွေးပွဲတွင် (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တစ်လျှောက် ၂၀၁၂ခုနှစ် နိုဝင်ဘာလ(၂၅) ရက် အတွင်း စီစီအေနည်းဖြင့်သင်ကြားခဲ့သည့် သိပ္ပံဘာသာရပ် သင်ပြနည်းနှင့် သင်ထောက်ကူပစ္စည်းများ ထိရောက်စွာ သုံးခဲ့မှုများအား ကျောင်းအလိုက် ဆွေးနွေးခဲ့ကြပါသည်။


    ထို့ပြင် နိုဝင်ဘာလတွင် လက်ခံရရှိခဲ့သော မူလတန်းမှအလယ်တန်းထိ အတန်းလိုက် အခြေခံ
စိုက်ပျိုးရေးပညာ သင်ကြားနေမှု  အတွေ့အကြုံများအားကျောင်းအလိုက်လက်တွေ့သင်ကြား
သင်ယူမှု ဆောင်ရွက်နေမှုဆိုင်ရာအားနည်းချက်အားသာချက်များကို ဆွေးနွေးခဲ့ကြပါသည်။
 ကျောင်းအုပ်စုမှူးဦးမြင့်ဝင်းလှ က ဆွေးနွေးချက်များကို နိဂုံးချုပ် အကြံ့ပု၍ အခမ်းအနား
ပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။


                                    သတင်းပေးပို့သူ-မြတ်မျိုးမြင့်မာန်


0 comments:

Post a Comment