Friday, 26 October 2012

ရာသက်ပန်နေမည်ကျကူနီ

“ရာသက်ပန်နေမည် “ကျကူနီ“

တစ်ခါကလျင် ဒီငလျင်ကြောင့်
လင်သေသားဆုံး အိမ်လည်းရှုံးလို့
အပူလုံးကြွ ဒုကပင်လယ်
ဘယ်သူကယ်မလဲ စိတ်ဆင်းရဲလို့
ရေထဲကိုပင် ခုန်ချချင်ခဲ့
မြစ်ပြင်နဲ့ ဝေးနေတာကြောင့် ။

မြစ်ပြင်နဲ့ ဝေး ချောင်းနဲ့ဝေးတဲ့
ကျေးရွာဌာနီ  “ကျကူနီ“ တဲ့
ရှမ်းပြည်ဒေသ ကြားကြမှာပေါ့
ကျမတို့ရွာ  အခုခါမှာ
အိမ်ယာသစ်ဆောက် လမ်းတွေဖေါက်လျှက်
တိုးတက်ခေတ်မီ “ကျကူနီ“ ပေါ့
ရာသီလဲမှန် ဥတုမှန်လို့
သီးနှံလဲဖြစ် စီးပွါးဖြစ်ခဲ့
ရွာသစ်တည်ဆောက် အိမ်တွေရောက်လဲ
ယောကျာ်းသေဆုံး သားလဲဆုံးလို့
ယူကြုံးမရ ကျမဘ၀ကို
ဌာနပေါင်းစုံ  လူပေါင်းစုံတို့
စုပုံကူညီ ရွာသစ်တည်ခဲ့
ဤရပ်ဤရွာ ဤနေရာမှာ
သေချာ ခေါင်းချ နေပါ့မယ် ။    ။

        ရဲထွဋ်ခေါင်

0 comments:

Post a Comment