“ ဘယ်ပန်းချီရေးလို့မမီ “
မယ်ဇလီဆိပ် ရေဆိပ်ခေါ်တွင်
ရှေးယခင်က နောက်တွင်ချိန်ခါ
ကာလကြာသော် မြို့တာချီလိတ်
နယ်နိမိတ်သည်
ရှမ်းပြည်အရှေ့ဖျားနေရာပင် ။
နိုင်ငံနှစ်ဖက် ကူးယှက်ဆက်သွယ်
ကုန်ဖလှယ်သည့် နယ်စပ်တံတား
ခန့်ငြားပီပြင် မြင်စေချင်သည်
နေ့စဉ်စည်ကား နေလေပြှီ။
နှစ်သစ်ကူးပွဲ ဆင်နွဲပျော်ရွင်
ရေသဘင်မှာ ပါဝင်ကပြ
လှပရိုးရာ အခါ လားဟူ
စိတ်ညီတူကြ
ပြည်သူချစ်တဲ့ ဒီသင်္ကြန် ။
ရခိုင်ရိုးရာ လောင်းလှေမှာပင်
ပျော်ရွှင်ကစား မဏ္ဍပ်နားတွင်
သွေးထားနံ့ံ့သာ လက်ညီညာဖြင့်
ရိုးရာသမှု ကောင်းမှုပြုကြ
လှပပျိုဖြူ ရခိုင်သူတို့
တစ်မူထူးခြားလှပါသည်။
လိမ္မော် လိုက်ချီး နှင်းသီးစပျစ်
ခြံတိုင်းဖြစ်လို့ သုံးနှစ်အတွင်း
ချက်ခြင်းငွေရွင် ဈေးတွင်ရောင်းချ
ပြည်ပလည်းပို့ အိပ်စပို့ပေါ့
ဒို့မြေကြီးက ရတနာပင် ။
တောင်ယာသီးနှံ ပြောင်းဖူးဆန်နှင့်
သီးနှံစပါး ပေါများပါဘိ
လာကြည့်လှည့်လေ တာလေကျိုင်းလပ်
တစ်ဆက်စပ်တည်း လမ်းဘေးဝဲယာ
လယ်ယာရှုခင်း ရှုမျှော်ခင်းသည်
မိုးတွင်းပန်းချီ ခေါ်နိုင်သည်။
ဟောင်လိတ်မိုင်းကိုး ရှမ်းရိုးရာမြေ
အိမ်ခြေတိုက်တာ ၀ဲယာအပြည့်
လာကြည့်လှည့်လေ မောရှမ်းမြေက
ဗုံရှည်တီးသံ လင်းကွင်းသံနှင့်
ညယံလမုန်း ပျော်မဆုံးအောင်
“ဂုံးက” သီချင်းဆိုနေပြီ ။
လိရှမ်း မောရှမ်း ဂုံရှမ်းအစုံ
ရှမ်းမျိုးစုံ၏ စုံလင်စားဖွယ်
စားရမယ်နော် မ၀ယ်လည်းမြည်း
မမြည်းလည်းပြုံး သူ့အပြုံးသည်
နှလုံးသားမှလာပါသည်။
မိုင်းဖုန်း (က)(ခ) ထိုမှတစ်ဖန်
ရွှေတြိဂံပေါ့ နိုင်ငံသုံးခု
ပေါင်းစုမြင်နိုင် မရိုးနိုင်အောင်
မြစ်မဲခေါင်က
လာအောင် ဖိတ်ခေါ်နေလေပြီ ။
ကြည်နူးသပါယ် မြို့အလယ်မှ
ထယ်ဝါခန့်ခြား တည်ထား ရွှေတိဂုံ
လက်စုံဦးချ ထိုမှဝဲယာ
ရှုကြည့်ပါသော် ရှုမျှော်မဆုံး
မိုးကုပ်ဆုံးထိ မဆုံးတိုက်တာ
ဟိုမှာဆန်ဆိုင်း ဒီဖက်ပိုင်းမှာ
ရှုကြည့်ပါသော် မကာဟိုခမ်း
တစ်ဖက်ခြမ်းတော့ တာလော့ပုန်းထွန်
မြို့အစွန်အထိ အလွန်လှပ
မြို့ပြ ပန်းချီ ။
သြော် .....
ကမ္ဘာဖေါက်ပြန် ကြံဖန်ကာလုပ်
ငလျင်လှုပ်လည်း လှုပ်သည့်ငလျင်
အသင်သာမော ဟားတိုက်ပြောစရာ
ဒို့မြို့မှာတော့ သာယာလှပ
မြို့ပြပန်းချီ ရေးမမီအောင်
ပီပြင် လှပနေဆဲပါ။
ရဲထွဋ်ခေါင်
0 comments:
Post a Comment