Friday, 26 October 2012

ချစ်သူသိစေချင်ပါသည်

“ ချစ်သူသိစေချင်ပါသည် “

ချစ်သူသိစေ ကမ္ဘာမြေမှာ
နေမင်းကွယ်ပျောက် “လ“လည်းပျောက်လို့
ကျရောက်အမှောင် ရှိခဲ့တောင်မှ
ဒီမောင်အချစ် လက်တစ်ဆစ်မျှ
မလျော့ကျဘူး  စိတ်ချယုံကြည်ထားပါမေ။

ချစ်သူသိစေ ကမ္ဘာမြေမှာ
ရေလွှာလှိုင်းတက် မုန်တိုင်းဖက်လို့
ကမ်းထက်အော်မြည် ဆူနာမီနှင့်
ရာသီဖေါက်ပြန် နာဂစ်ဒဏ်ကို
ကြံဖန်တွေ့ဆုံ ဒုကကြုံလည်း
ယုံကြည်ပုံအပ် နှင်းအပ်မေတာ
ချစ်သစာဖြင့်
ကြင်နာယုယသွားမယ်မေ။

ချစ်သူသိစေ ကမ္ဘာမြေတွင်
ငလျင်လှုပ်သံ တော်လဲသံဖြင့်
ဆူညံပွက်ရိုက် အသည်းခိုက်အောင်
ကြုံကြိုက်ချိန်မှာ ကယ်ပါယူပါ
တစ်စာစာဖြင့် ကမာပျက်သုန်း
ဘ၀ဆုံးတောင် နောက်ဆုံးချိန်အထိ
ချစ်သည့်စိတ်များ မလျော့ပါးဘဲ
ထားရှိသစာ  ခိုင်ခိုင်မာဖြင့်
မေတာသက်နှင်းထားမယ်မေ ။
    ရဲထွဋ်ခေါင်

0 comments:

Post a Comment