ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ စီးပွားရေးရာကော်မတီ၏ ပို့
ဆောင် ဆက်သွယ်ရေးနှင့်ဆောက်လုပ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ေ
ဆာက်လုပ်ရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီး ဦးစိုးတင့် သည်
ဒုတိယဥက္ကဋ္ဌများဖြစ်သောဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီး ဦးဝင်းသန်း၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီးဦးမြင့်သိန်း ၊ပြည်နယ် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီး ဦးစိုင်းနော်ခမ်း
တို့နှင့်အတူ ဆပ်ကော်မတီဝင်အဖွဲ့ဝင်များ လိုက်
ပါလျက် မတ် ၂၂ ရက် မွန်းလွဲ(၁) နာရီအချိန်
တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင်
တာချီလိတ်ခရိုင်၊ မိုင်းဆတ်ခရိုင် အတွင်းရှိ လွှတ်တော်ကိုယ် စားလှယ် များ၊ခရိုင်၊မြို့နယ်အလိုက် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ
ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ စည်ပင်သာယာရေးကော် မတီများ ၊ပြည် သူ့ ကိုယ်စားလှယ်၊မြို့မိမြို့ဖများ၊
ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ နှင့်တွေ့ဆုံဆွေးနွေး ပွဲ ကျင်းပပြုလုပ်သည်။
ဆပ်ကော်မတီဥက္ကဋ္ဌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီးဦးစိုးတင့်ကအဖွင့်အမှာစကး ပြောကြား ရာတွင် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး
ဆပ်ကော်မတီတွင် ၀န်ကြီးဌာန(၄)ခုပါဝင်ဖွဲ့ စည်းထားပါကြောင်း၊နိုင်ငံတော်သမ္မတ၏လမ်းညွှန်မှုဖြင့်ပြည်သူလူထု၏လူမှုစီးပွားဘ၀အမြန်ဆုံးဖွံ့ဖြိုး
စေ ရန်ပြည် သူများ၏ဆန္ဒ၊လိုအပ်ချက်များကိ
Quick Win အမြန်ဆုံးအကောင်အထည်ဖော် ဆောင် ရွက်ရန်
ဆပ်ကော်မတီဝင်များနှင့်အတူ
သက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများနှင့်အတူလာရောက်ခြင်းဖြစ်
ပါကြောင်း၊ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်တာဝန်ယူဆောင်ရွက်လျက်ရှိသောလမ်း၊
တံတား၊ အဆောက်
အဦ၊လေယာဉ်ကွင်းနှင့်အိမ်ရာစီမံကိန်းဆိုင်ရာများ၊TownPlanရေးဆွဲခြင်းနှင့်သက်ဆိုင်သည့်
လုပ်ငန်းစဉ်များအားပြည်သူများသိရှိနိုင်ရန်၊ဆွေးနွေးခဲ့ပြီးပြည်သူ့ကိုယ်စားလှယ်များအနေဖြင့် လည်း ပြည် သူများ၏ဆန္ဒ၊
လိုအပ်ချက်များအား ပွင့်ပွင့် လင်းလင်းဆွေးနွေးပြောကြားစေ လိုပါကြောင်း၊ပြည်သူ့ ဆန္ဒ၊ပြည်သူ့အသံကို နား ထောင်ခြင်းဖြင့် ပြည်သူအတွက်အမှန်တကယ်အကျိုးရှိစေမည့်အကြံဥာဏ်ကောင်း
များရယူ၍သက်ဆိုင်ရာကဏ္ဍအလိုက်လုပ်ငန်းများအားအချိန်တိုအတွင်းအမြန်ဆုံး အကောင်အထည်ဖော်
ဆောင် ရွက်နိုင်မည်ဖြစ်ပါ
ကြောင်း ပြောကြားသည်။
ဆက်လက်၍
ဆပ်ကော်မတီဒုတိယဥက္ကဋ္ဌဆက်သွယ်ရေးနှင့်သတင်းအချက် အလက် နည်းပညာ ၀န်ကြီး
ဌာန၊ ဒုတိယ၀န်ကြီးဦးဝင်းသန်းနှင့်ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊
ဒုတိယ၀န်ကြီးဦးမြင့်သိန်းတို့က
ဝန်ကြီးဌာန
အလိုက်ဆောင်ရွက်နေသည့်လုပ်ငန်းဆိုင်ရာများကိုရှင်းလင်းပြောကြားသည်။ ၎င်းနောက် တွေ့ဆုံပွဲသို့
တက်ရောက် လာသည့် ပြည်သူ့ကိုယ်စားလှယ်များမှမေးခွန်းပေါင်း(၃၀)ခုမေးမြန်းဆွေးနွေးရာ
ဆပ်ကော်မတီ အနေဖြင့် မေးခွန်း( ၂၀) ခု အားချက်ချင်း ဖြေရှင်း ဆောင်ရွက်ပေးခဲ့ပြီး၊
မေးခွန်း (၉)အား ဆက်လက် တင်ပြ ဆောင်ရွက်
ပေးမည်ဖြစ် ကြောင်း၊မေးခွန်း( ၁ )ခုအားသက်ဆိုင်ရာဆပ်ကော်မတီသို့
ညှိနှိုင်းအကြောင်းကြား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားသည်။ဆက်လက်၍
ဆပ်
ကော်မတီဥက္ကဋ္ဌဒုတိယ၀န်ကြီး
ဦးစိုးတင့်ကမိမိတို့ဆပ်ကော်မတီအနေဖြင့်တိုင်းနှင့်ပြည်နယ်(၁၀)ခု
သို့သွားရောက်ခဲ့ပြီး၊ပြည်သူ့ကိုယ်စားလှယ်များနှင့်တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ပြီးဖြစ်ပါကြောင်း၊သွားရောက်ခဲ့ပြီးသည့်
ခရိုင်များမှပြည်သူ့ကိုယ်စားလှယ်များ၏
မေးမြန်းဆွေးနွေးချက်များအပေါ်ဆပ်ကော်မတီအနေဖြင့် နေ့စဉ်ထုတ်မြန်မာ့အ
လင်းနှင့်ကြေးမုံသတင်းစာများတွင်ပွင့်လင်းမြင်သာစွာမှုရှိစေရန်သတင်းထုတ်ပြန်ပေးလျက်ရှိပါကြောင်း
ဆပ်ကော်
မတီနှင့်ပြည်သူ့ကိုယ်စားလှယ်များ၊အပြန်အလှန်တွေ့ဆုံမေးမြန်းဖြေရှင်းခဲ့သည်များအား
မြို့နယ်ရပ်ကွက်၊ကျေးရွာအ ဆင့်ပြည်သူများထိ
သိရှိ အောင် Report Back
လုပ်၍ချပြဆွေးနွေးခြင်းဖြင့်ပြည်သူလိုအပ်ချက်ဆန္ဒများအား အမြန်ဆုံး
ဖြည့်ဆည်းအကောင်အထည် ဖော်နိုင်မည်ဖြစ်ပါကြောင်း
တိုက်တွန်းမှာကြားပြီးတွေ့ဆုံပွဲကို
ညနေ ၄ နာရီ ခွဲ တွင်ရုပ်သိမ်း ကြောင်းသိရှိရသည်။
0 comments:
Post a Comment