တာချီလိတ် မတ် ၂၈
နိုင်ငံတော်သမ္မတ၏
နိုင်ငံ့စွမ်းဆောင်ရည်ဆုချီးမြှင့်ရေးအတွက်
မွေးမြူရေး၊ရေလုပ်ငန်းနှင့်ကျေးလက်ဒေ သဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး
ဦးခင်မောင်အေးသည်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနညွန်ကြားရေးမှူး
ချုပ်ဦးဝေလင်းမောင်၊ညွှန်ကြားရေးမှူးဒေါက်တာဝေလင်း၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ညွန်ကြား
ရေး မှူး ဦးကိုကိုနိုင်နှင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၂၇ ရက်
နံနက် ၁၀ နာရီခွဲက တာချီလိတ်မြို့ ဒေါ်နီနီစိုး ၏ ကျောက်စိမ်းကန်
မွေးမြူရေးခြံသို့
ရောက်ရှိလာရာ ဧည့်ခန်းမဆောင်တွင် ပြည်နယ်မွေးမြူ ရေးနှင့်ကုသရေး ဦးစီးဌာန
ပြည်နယ်မှူး
ဒေါက်တာစိန်ဝင်းနှင့် ခရိုင်ဦးစီးဌာနမှူး ဒေါက်တာစံထွန်းဝေတို့က
ဝက်မကြီးအကောင် ၄၀၀၀
မွေးမြူထားရှိမှု၊ အသားထုတ်လုပ်ဖြန့်ဝေမှု၊ ၀က်သားပေါက်များဖြန့်ဝေမှုနှင့်
၆ဧကအ ကျယ်
ငါးကန်တွင် ငါးများမွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဒုတိယ၀န်ကြီးက
သိလိုသည်များကိုမေးမြန်းရာ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နီနီစိုး က
ပြန်လည်ဖြည့်စွက်ရှင်းလင်း
တင်ပြသည်။ ဆက်လက်ပြီး ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးခြံအတွင်းရှိ
ငါးသားဖောက်ကန်၊
အစာစပ်စက်ရုံတွင်း အစာသိုလှောင်မှုနှင့် အစာစပ်လုပ်နေမှု၊ ငါးကန်အခြေအနေ၊
ဝက်များမွေးမြူထားရှိမှုအခြေ
အနေနှင့် အိမ်သုံး bio gas တည်ဆောက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယ၀န်ကြီးနှင့်အဖွဲ့သည်
ဖန်မင်ကျေးရွာအုပ်စု ၀မ်ကော့ကျေးရွာတွင် ကျေးလက်ဒေ သဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်ထားသော
ကျေးလက် သောက်သုံးရေကန်ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ၏ မယ်ဟုတ်ရွာလယ်လမ်းအား
ကျောက်ချောလမ်းရရှိရေးတင်ပြချက်အား သက်ဆိုင်ရာဌာန
များနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ဟကျမနို ရွာရှိ ဦးကျဟေး
၏ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံ သို့ဆက်လက်ထွက်ခွါလာရာ နို့စားနွားများမွေးမြူထားရှိမှု၊
ဒေသနွားမွေးမြူထားရှိမှု၊ လိမ္မောခြံ၊ရော်ဘာခြံနှင့် ငါးမွေးမြူရေး ကန်တို့ကို ကြည့်ရှုစစ်ဆေးပြီး
လုပ်ငန်းရှင်အား မွေးမြူလုပ်ငန်းတိုးချဲ့လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ဒုဝန်ကြီးနှင့်အဖွဲ့သည်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်ထား သော ရန်ကုန်-ဟွေတာ ကျောက်ချောလမ်းအား
ကြည့်ရှုစစ်ဆေးရာ ဒေသခံများမှ လမ်းလိုအပ်ချက်များ တင်ပြချက်အပေါ် ဒုတိယ၀န်ကြီးက ကုမ္ပဏီအား လိုအပ်သည်များ ထပ်မံဆောင်ရွက် ပေးရန်နှင့်
ပြည်သူများက လည်း လမ်းရေရှည်တည်တံ့ရေး ၀ိုင်းဝန်းထိန်းသိမ်းကြရန်မှာကြားသည်။ ထိုမှတစ်ဆင့်
မယ်လိပါကော် ကျေးရွာ အနီးရှိ သစ်သားတံတား ကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
ခရိုင်ပြန်/ဆက်
0 comments:
Post a Comment