Monday 15 June 2015

မိုးပွင့်(အထူး)စီမံချက်နှင့်စပ်လျဉ်းပြီး တာချီလိတ်တွင် ရှင်းလင်း




ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံ တင်ရေးဦးစီးဌာနမှ မိုးပွင့်(အထူး)စီမံချက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပွဲကို ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က မိုးပွင့်(အထူး)စီမံချက် ရှင်းလင်းပွဲကျင်းပရခြင်းနှင့် စပ်လျဉ်းပြီး အဖွင့်အမှာစကားပြောကြားသည်။ 






ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူးလက်ထောက်ညွှန်ကြားရေးမှူး
ဦးထွန်းသိန်း က မိုးပွင့်စီမံချက်(၁ မှ ၇)အထိ ဆောင်ရွက်ရာတွင် အသက် (၁၀) နှစ်ပြည့် ကလေးများ နှင့် အထက် အိမ်ထောင်စုလူဦးရေစာရင်းရှိသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ မိုးပွင့်(အထူး)စီမံချက်တွင် (၆၆/၆)အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး အသက်(၁၈) နှစ်ပြည့် မဲပေးနိုင်သူ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေး သူများအား ပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ယာယီအိမ် ထောင်စုလူဦးရေစာရင်းမှအိမ်ထောင်စု
လူဦးရေးစာရင်း ပြန်လည်ထုတ်ပေးရာတွင် လိုအပ်ချက်များနှင့် White card ပြန်လည် အပ်နှံခြင်း နှင့် နိုင်ငံသားကတ်ပြန်လည်ဆောင်ရွက်ရာတွင်လိုအပ်သည်များကို အကျယ်တ၀င့် ရှင်းလင်း ဟောပြောပြီး၊ ဒုတိယလ၀ကမှူး ဦးစိန်လွင် က နိုင်ငံသားအဖြစ် စိစစ်ခြင်းဆိုင်ရာ များကို ရှင်းလင်းပြော ကြားသည်။ ယင်းနောက် တက်ရောက်လာသည့် မြို့ပေါ်ရပ်ကွက် နှင့်
ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များက လုပ်ငန်းများနှင့်စပ်လျဉ်းပြီး သိလိုသည်များအား မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။


ဝေယံလင်း(iprd)

0 comments:

Post a Comment