Monday 15 June 2015

ဘိန်းအစားထိုးသီးနှံမျိုးစေ့ နှင့် နှစ်ချင်းနှစ်ရှည် ပျိုးပင်များ ပေးအပ်



ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးလျော့နည်းပပျောက် ရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ တောင်သူများအား ဘိန်းအစားထိုး သီးနှံမျိုးစေ့များ၊ နှစ်ချင်း၊ နှစ်ရှည်ပျိုးပင်များ နှင့် ဓာတ်မြေသြဇာများ အခမဲ့ပေးအပ်ပွဲကို ယနေ့ ဇွန်လ ၁၅ ရက်၊ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။



အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ အား ယင်းမာစီမံချက် လူထုလှုပ်ရှားမှုအသွင်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အသိပညာပေး ဟောပြောပွဲများကျင်းပခြင်း၊တိရစ္ဆာန်ကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ခြင်း အပြင် ဘိန်းအစားထိုး သီးနှံ မျိုးစေ့များ၊ နှစ်ချင်းနှစ်ရှည်ပျိုးပင်များနှင့် ဓာတ်မြေသြဇာများပေးအပ်ခြင်းဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်း တစ်ခုအဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် က ဘိန်းအစားထိုးသီးနှံစိုက် ပျိုးရေးအတွက် မျိုးစေ့ နှင့် ပျိုးပင်များ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး၊မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အစားထိုးသီးနှံမျိုးစေ့၊ နှစ်ချင်း၊ နှစ်ရှည်ပျိုးပင်များနှင့်ဓာတ်မြေသြဇာများအား ကျေးရွာအုပ်စုများမှ တောင်သူကိုယ်စားလှယ်များထံပေးအပ်သည်။


ဆက်လက်၍ မွန်းလွဲ ၁ နာရီတွင် ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးနည်းပညာပေးသင်တန်းအား ဖွင့်လှစ်ရာ မြို့နယ်ဦးစီးမှူး ဦးစိုင်းခင်ဇော်လတ် နှင့် ၀န်ထမ်းများက သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်(၁၄)ချက်၊ ပိုးမွှားရောဂါ ကာကွယ်နည်း၊ နှိမ်နင်းနည်း နှင့်ပိုးသတ်ဆေးစနစ်တကျကိုင်တွယ်သုံးစွဲနည်း ၊ မြေအသုံးချနည်းပညာ၊ မျိုးကောင်း မျိုးသန့် သုံးစွဲရေး နည်းပညာ အကြောင်း သင်ကြားပို့ချပေးခဲ့ကြောင်းသိရသည်။
ဝေယံလင်း(iprd)

0 comments:

Post a Comment