Monday 9 October 2017

ပန်းချစ်သူရေ သိပါစေ။



ပန်းချစ်သူရေ
သင့်ဦးခေါင်းပေါ်မှာ
လှပတဲ့ပန်းတွေကို
တစ်ပြိုင်တည်း ပန်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။

ပန်းချစ်သူရေ
ပန်ဆင်ပြီး ညိုးနွမ်းနေတဲ့
ညှိုးနွမ်းနေတဲ့ပန်းကလေးကိုမှ
သင်ဦးခေါင်းမှာ ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။

ပန်းချစ်သူရေ
သင်းပျံ့မွှေးလွန်းတဲ့ပန်းကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။

ပန်းချစ်သူရေ
ပြန်လည် မရရှိနိုင်တော့တဲ့
ဟိုးအဝေးကို ရောက်ရှိနေပြီဖြစ်တဲ့
သင့်ကို မေ့နေပြီဖြစ်တဲ့ ပန်းကလေးကိုမှ
သင်ဦးခေါင်းထက်မှာ
ပန်ဆင်ချင်တယ်ဆိုရင်
သင်မဟုတ်သေးဘူးဆိုတာ
သင့်ကိုယ်သင် သိပါစေလေ။

ပန်းချစ်သူရေ
သင်မဟုတ်သေးပါဘူးလို့ ပြောတာက
သင် ပန်းဝေဒနာတွေ ခံစားရမှာစိုးလို့
ပြောမိတာကို သိပါစေ ပန်းချစ်သူရေ။


                          မှိုင်း(ဓာတု)
                          ၉.၁၀.၂၀၁၇

0 comments:

Post a Comment