*** ကျောင်းသွားအတူ
ကစားတူပင်
ကောင်းတူဆိုးဘက်
ဆယ်ကျော်သက်က
အိပ်မက်လှလှ မက်သူ....ခိုင်။
*** မျက်နှာငယ်ခမ်း
ပင့်သက်နွမ်းနှင့်
ဆယ်တန်းအတူကျ
ကျောင်းထွက်ရလည်း
ဘ၀လှည့်ပြောင်း
စိတ်မပြောင်းသည့် ရောင်းရင်း...ခိုင်။
*** ညကျောင်းအတူတက်
အတူကျက်ကာ
ရမ္မက်မယှဉ်
သံယောဇဉ်နှင့်
လုပ်ခွင်တစ်ဖက်
ကျောင်းတစ်ဖက်မှ
အိပ်မက်လောင်းသည့် ပေါင်းသင်း...ခိုင်။
*** သြော် .... အခုနေများ
တစ်ဝမ်းခါးတွက်
ကိုယ့်အိပ်မက်တို့
ခါးသက်ကြမြဲ
ကျည်းတန်ဆဲမို့
လက်တွဲဖြုတ်ပါရစေလား ..... ခိုင်။
စိုင်းမောင်(တောင်ကြီး)
0 comments:
Post a Comment